သတ်ပွဲ ep 32

747 57 10
                                    

ကိုယ့်ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးငယ်ကို အသေအချာငုံ့ကြည့်နေမိတယ် အချိန်အတိုင်းအတာမသတ်မှတ်နိုင်လောက်အောင်ထိကို

မှန်ပြတင်းပေါက်ကနေ ခွင့်ပြုချက်မယူပါပဲတိုးဝင်လာတဲ့ လရောင်ဖျောက်ဖျောက်က အခန်းထဲမှာ စနစ်တကျနေရာယူထားတယ်

တာပေမယ့် ဘယ်လောက်ပဲ မျက်နှာလိုက်ယူယူ ကိုယ့်ကလေးရဲ့ မျက်နှာထက်ကနေ အကြည့်မလွှဲနိုင်ခဲ့ အိပ်ဖို့လဲစိတ်ကူးမရှိနိုင်ခဲ့ပဲ

တစ်ချက်တစ်ချက် အိပ်နေရင့်ရှိုက်ငင်ပြီးတုန်တုန်တက်သွားတဲ့ ကလေးငယ်ရဲ့ခန္ဒာကိုယ်ကိုသာ ချော့မြူသလိုနဲ့ ကလေးငယ်ရဲ့ကျောပြင်ကိုသာ စည်းချက်မှန်မှန် အသာအယာပုတ်ပေးပြီး အိပ်မက်ဆိုးတွေလာမကပ်ရဲအောင်လို့လုပ်နေမိတယ်

သိပ်မကြာပါဘူးရှိုက်သံတွေ မရှိတော့ပဲ အသက်ရှုမှန်မှန်နဲ့ ကိုယ့်လက်မောင်းပေါ်မှာစိတ်ချလက်ချဖြစ်ခါ အိပ်ပျော်သွားတယ်ဖြစ်မယ် အာ့တော့မှ နှဖူးပေါ်မှာဝဲကျနေတဲ့ဆံပင်ကိုသပ်တင်ပေးပြီး ကလေးငယ်ရဲ့ မျက်နှာလေးကို မလွှတ်တမ်း ကြည့်နေမိတယ်

ကိုယ်ကလေးငယ်ကို ဘယ်အချိန်ကတည်းက စချစ်နေမိလဲတော့မသိဘူး တာပေမယ့် ကိုယ့်အချစ်တွေကကလေးငယ်အပေါ်ရပ်တန့်ဖို့လဲ စိတ်ကူးမရှိဘူး ပြီးတော့ ခဏကကလေးငယ်ကိုစိတ်ညစ်အောင် ပြောခဲ့တဲ့ သူတွေကို နောက်နေ့တွေ ကလေးငယ်ရှေ့ဆက်မမြင်စေရပါဘူး ကလေးငယ်နာကျင်နေတာက ကိုယ့်နှလုံးသားကိုနာကျင်စေလို့ပဲ အပစ်ပေးတာပါ

ကလေးငယ်အတွက်ဆို ကိုယ်ကကလေးငယ်ရှေ့ရေးအတွက်လှေကားလဲဖြစ်ပေးမယ် ပြီးတော့ ကလေးငယ်ရဲ့ အန္ဓာရယ်ကနေကာကွယ်ပေးမယ့် ခိုင်ခံ့လွန်းတဲ့ အုတ်တံတိုင်းအဖြစ်ရော ကလေးငယ်နားခိုဖို့အတွက် နွေးထွေးလွန်းတဲ့ ကိုယ့်ရင်ခွင်ထဲမှာ အိမ်အဖြစ်တည်ရှိပေးမယ်

အာ့တာတွေအားလုံးအတွက် ကလေးငယ်ကိုယ့်အတွက် တစ်ခုပဲပြန်ပေးရမှာ ကိုယ့်နားကနေတစ်သက်လုံးထွက်မသွားဖို့ပဲ ကျန်တာတွေကကိစ္စမရှိဘူး ကလေးအတွက် ကိုယ်မရရအောင်ဖြည့်စီးပေးမယ် ဟုတ်ပြီးလား

AVERSION LOVE (Z And U )Where stories live. Discover now