အိမ်မက်ဆိုး (1) ep 17

780 62 4
                                    

ဘာလိုလိုနဲ့ သခင်လေးတို့အိမ်ရောက်တာ နှစ်လတင်းတင်းပြည့်ခဲ့ပြီ တစ်နေ့တစ်နေ့ မရိုးရအောင် ပြဿနာရှာတဲ့ သခင်လေးကို ပုံမှန်ကိုယ်လုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုလို သတ်မှတ်နိုင်ခဲ့ပြီ

အစကတည်းက ကို့စကားနားမထောင်တဲ့ နှလုံးသားကလဲ တစ်နေ့တစ်ခြားပိုပိုဆိုးလာတယ်

သခင်လေးရှေ့ရောက်ပြီဆိုရင် မျက်နှာချင်းမဆိုင်ရဲလောက်အောင်ကို အသေခုန်နေတာ တစ်ခါတစ်လေတွေးမိတယ် နှလုံးသားလေးရေ မင်းDနေ့တော့ နားပါအုန်းမခုန်ပါနဲ့ ဦးပေါ့

ဒါပေမယ့် မခုန်ပြန်ရင်လဲ သေမှာလေ မဖြစ်မဖြစ် မခုန်လို့ မရဘူး သခင်လေးကိုငန်းရဦးမှာလေ 😳😳😳 အယ် မဟုတ် .... မဟုတ်သေးဘူးပါ မှားလို့ သခင်လေးကို စောင့်ရှောက်ရအုန်းမှာလေ😁😁😁

ဒေါက် ! ! ဒေါက် ! ! !

" chan လေးရေ အခန်းထဲ့မှာလား လေးလေးဝင်ခဲ့မယ်နော် "

" ဟုတ်ကဲ့ တံခါးဖွင့်ထားတယ် လေးလေး ဝင်ခဲ့ ရတယ် "

" လေးလေးဘာခိုင်းစရာရှိလို့လဲ ထိုင်ဦးလေ "

"လေးလေး ရွာခဏပြန်မလို့ လေးလေးသားကdနှစ် တက္ကသိုလ်တက်ရမှာဆိုတော့ သွားခေါ်မလို့ "

"အယ် ဟုလား လေးလေးသားက သားထက်အသက်ပိုကြီးတာပေါ့ "

"ဟုတ်တာပေါ့ Chanလေးရယ် အစကလေးလေးတောင်သားတို့ကိုရွယ်တူထင်နေတာ လေးလေးအသက်ကြီးနေပြီထင်တယ်ကိုယ့်သားရဲ့ အသက်တောင်အမှန်မသိတော့ဘူး အခုတောင်လေးလေးသားphဆက်လို့ အထက်တန်းပြီးမှန်းသိရတာ "

"မေ့သင့်ပါတယ် လေးလေးရဲ့ခေါင်းကတောင် ဆံပင်ဖြူတွေနဲ့ဆိုတော့ ကျွန်တော်တောင်တွေးမိတယ်လေးလေးအသက် ၄၀ကျော်ဆိုတာ အသက်များလိမ်ထားတာလားလို့ "

ကလေးစုတ်က dအဖိုးကြီးစမယ်ဆိုနှစ်ယောက်မရှိဘူး အခုလဲလက်နှစ်ဖက်က ဆရာကြီးအထာပုံစံနဲ့ ဟန်ကျကျပိုက်ထားပြီး သူ့ရဲ့ လက်ချောင်းသွယ်သွယ်လေးနဲ့ မသိရင် မုတ်ဆိတ်မွေးကိုကိုင်ပြီး လူကြီးကိုက်ဖမ်းပြောနေတဲ့ပုံစံလေး

ချစ်ဖို့ကောင်းအောင်လုပ်နေတာ

"ဟဟ ဟုတ်ပါပြီ အဖိုးပေါက်စလေးရယ် "

AVERSION LOVE (Z And U )حيث تعيش القصص. اكتشف الآن