ဆွေမျိုး Ep 53

533 61 17
                                    

ရင်းနီးတယ်လို့ထင်ရပေမယ့်လည်း ထင်သလောက်ရင်းနီးမှုမရှိတဲ့ အသံတစ်ခုရဲ့ ဆွဲအားကြောင့် လှည့်ကြည့်လိုက်တော့ မျက်နှာပေါ်ကို အရိပ်လာကျတဲ့လူတစ်ယောက်

အရပ်ရှည်ရှည်ခန္ဒာကိုယ်တောင့်တောင့်တင်းတင်းကလိုက်ဖက်စွာတည်ရှိနေတယ် အဝတ်အစားကိုလည်း လူကြီးလူကောင်းတစ်ယောက်လိုသက်သက်ရက်ရက်ဝတ်ဆင်ထားပြီး မှင်ရောင်သန်းနေတဲ့ ဆံပင်ကိုလဲ အဆီတစ်ခုခုနဲ့ လိမ်းထားကာ နှဖူးပေါ်ဆံပင်မကျအောင် ဖိထားတယ် တည်တည်တံ့တံ့ပုံစံဖမ်းပေမယ့် နှုတ်ခမ်းပါးပါးလေးက ပြုံးပြုံးလေးနဲ့ စကားပြောနေတယ်

နောက်တစ်ချက်က စကားပြောရင်အကျင့်တစ်ခုလိုဖြစ်နေပုံရတဲ့ နှုတ်ခမ်းပါးပါးကို တစ်ချက်တစ်ချက် လျှာနဲ့သပ်သပ်သွားတဲ့ပုံစံက ကိုကိုနဲ့တူလွန်းတယ် ။

(စကားပြောရင်းနှုတ်ခမ်းကိုလျှာနဲ့ သတိလက်လွတ်သပ်တာကိုပြောတာပါ နှုတ်ခမ်းကိုခြောက်ကပ်ကပ်ဖြစ်နေရင် မနေတက်တဲ့ သူမျိုးတွေလုပ်တက်ပါတယ် Me အပါအဝင်ပါပဲ 😁😁😁အကျင့်ကလုံးဝဖျောက်မရ )

ဒီအတိုင်းတိုက်ဆိုင်တာပဲမဟုတ်လား Sehun ဆိုတဲ့နာမည်က တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေရဲ့ တစ်ရာမှာဆိုရင်ဆယ်ယောက်ထက်မနည်းရှိတက်တယ်။ အဲ့တော့လုံးဝမဖြစ်နိုင်ဘူး ဟုတ်တယ် လုံးဝကိုမဖြစ်နိုင်တာ

"ကိုယ့်ညီ ကိုယ့်ကိုကြည့်ပြီးဘာလို့ငိုနေတာလဲ တစ်ခုခုဖြစ်လို့လား "

ညီကိုမေးနေရင်းနဲ့ စိတ်ကအလိုလိုရင်းနီးနေတဲ့ ခံစားချက်ကြောင့် ညီအနားသွားမိတယ် ။ ဟိုရက်တုန်းက မိုးရွာထဲမှာမို့လို့သေချာမကြည့်မိလိုက်ရတာ အခုမှသေချာကြည့်တော့ နားကားကားလေးတွေက yeol လေးနဲ့တူလွန်းတယ် အရည်လဲ့လဲ့မျက်လုံးတစ်စုံကလဲ yeol လေးရဲ့ မျက်လုံးအတိုင်းပဲ ကြယ်လေးတွေတောက်နေသလို တစ်လက်လက်နဲ့ အကြည့်မခွာနိုင်အောင်ဖြစ်နေတယ်။
ငယ်ငယ်တုန်းက yeol လေးကိုလုပ်ပေးနေကျအတိုင်း လက်ကိုမြှောက်လိုက်တော့ ပုတ်ထုတ်ပြီး အတားခံလိုက်ရတယ်။

" အဲ့ဒီလက်ကိုအခုရပ်လိုက် ကိုကို့ကိုကျွန်တော်မေးစရာရှိတယ် ဖြေပေးပါ "

AVERSION LOVE (Z And U )Where stories live. Discover now