အူယားလာလို့ပါ Ep 58

699 66 24
                                    

" ယခုမနက်ပိုင်းသတင်းရဲ့ အရေးကြီးတဲ့ ခေါင်းစဉ်ကတော့ အကြောင်းရင်းကိုသေချာစွာ မသိရပါပဲနဲ့ အောက်ခြေထိရှယ်ယာဈေးထိုးကျသွားတဲ့ Byun သူဌေးပိုင်ဆိုင်တဲ့ ကုမ္ပဏီများထဲမှတစ်ခုအကြောင်းပါ ထိုသတင်းကတော့ မနေ့ညက အတွင်းလူသတင်းပေးတာတစ်ခုကို MV သတင်းချန်နယ်က ရရှိခဲ့ပါတယ်။ ယခုရှယ်ယာဈေးထိုးကျခဲ့တဲ့ အရင်းမြစ်ကတော့ Byun သူဌေးကြီးရဲ့သား Byun Baekhyun က ကုမ္ပဏီကို ဖြတ်သိမ်းဖို့ရည်ရွယ်လိုက်ကြောင်း အမည်မသိသတင်းပေးသူကတစ်ဆင့် သိရှိခဲ့ရပါတယ်"

"အတွင်းရေးမှုး အခုတီဗီပေါ်မှာကြော်ငြာနေတဲ့ သတင်း တကယ်ဟုတ်မဟုတ်အခုချက်ချင်းစုံစမ်းခဲ့"

မနက်စောစော အိပ်ယာထခါစပဲရှိသေးတယ် သွေးပျတ်စရာ သတင်းတစ်ခုက တီဗီပေါ်မှာ ရောက်ရှိနေလေသည်။ မနေ့ညကမှ အသေအလဲမရမက ဝယ်ထားရတဲ့ ရှယ်ယာတွေက ညတွင်းချင်းထိုးကျသွားတယ်ဆိုတာ မဖြစ်သင့်တဲ့ အကြောင်းအရာ တစ်ခုပင်....

နောက်ပြီးပိုပြီးယုတ်တိမရှိတာက ကုမ္ပဏီဖြတ်သိမ်းမယ်ဆိုတာဘယ်သူ့သဘောနဲ့လဲ ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးရှိတဲ့သူကတောင် မလှုပ်ရှားတာ ဘယ်သူ့သဘောနဲ့ ဖြတ်သိမ်းဖို့ပြောနေကျတာလဲ....

တီဗီပေါ်က ချန်နယ်မျိုးစုံကနေ ထုတ်ပြန်နေတဲ့ သတင်းအကြောင်းအရာ တစ်ခုတည်းကို ကြည့်ပြီး အသားတွေတစ်ဆက်ဆက်တုန်လာခဲ့တယ်

ဘဏ်တိုးတွေကို လကုန်တိုင်း ပေးချေရမှာရှိသေးတယ်။ ငွေတိုးချေးစားတဲ့လူတွေကိုလဲ အကြွေးဆပ်ဖို့ကျန်သေးတယ်.... ယခုချက်ချင်းကုမ္ပဏီဖြတ်သိမ်းမယ်ဆိုရင် သူမဈေးကြီးပေးဝယ်ထားရတဲ့ ရှယ်ယာတွေက ဘာသုံးစားလို့ရအုန်းမှာလဲ တကယ်လို့ လက်ထဲမှာရှိတဲ့ရှယ်ယာတွေက ငွေအဖြစ်မပြောင်းလဲနိုင်ဘူးဆိုရင် ယခုချက်ချင်းစားသောက်ဖို့တောင်ငွေတစ်ကျပ်မှမကျန်တော့ဘူး။

အတွေးထဲမှာယောက်ယက်ခက်နေတုန်း အကြိမ်များစွာခေါ်ထားတဲ့ ဖုန်းနံပါတ်တစ်ခုကို တုန်တုန်ရင်ရင်နဲ့ ထပ်ကာထပ်ကာခေါ်နေမိတယ်။ ဖုန်းထဲကထွက်လာတဲ့ ဆက်သွယ်၍မရပါ မအားသေးပါဆိုပြီး ထွက်ထွက်လာတဲ့ ဆက်သွယ်ရေးရုံးကလူရဲ့ အသံကို ဆဲနေမိတာ အခါခါ....

AVERSION LOVE (Z And U )Où les histoires vivent. Découvrez maintenant