ခွေးပေါက်လေး EP 22

859 68 11
                                    

dနေ့ 7နာရီတိတိမှာ အဖေ့ ကုမ္မဏီသွားပြီး လကုန်အစည်းအဝေးပွဲရှိတာနဲ့ အိပ်ယာစောစောထကာ အကုန်ပြင်ဆင်ပြီးလို့

ကိုယ်အခန်းတံခါးဖွင့်ပြီး အခန်းထဲကအတွက် တွေ့လိုက်ရတဲ့ ကလေးငယ် ဘာတွေတွေးတောနေတယ်မသိ မျက်နှာကလဲဆူပုတ်နေတာမသိရင် သူ့ကိုတစ်ယောက်ယောက်က တုတ်နဲ့ရိုက်လိုက်လို့ စိတ်ကောက်နေတဲ့ပုံစံလေး

မနက်စောစောစီး ကိုယ့်မျက်နှာထက်အပြုံးပန်းလေး တစ်ပွင့်ပွင့်အောင်ဖန်စီးပေးနိုင်တဲ့ ကလေးငယ် ချစ်ဖို့ကောင်းပြီးဖြူစင်လွန်းတယ်

အခုလဲအခန်းတံခါးဖွင့်ပြီး ထွက်လာတဲ့အသံတောင်မကြားနိုင်လောက်အောင် သူ့စိတ်ကိုဘာတွေကများ ဖမ်းစားထားလဲ သိချင်မိတယ်

" မနက်စောစောအေးရတဲ့ထဲ ငါ့အခန်းရှေ့မှာ လေဖြတ်အောင် လာထိုင်နေတာလား "

" ဟုတ် ...... အယ် မဟုတ်ပါဘူး သခင်လေး"

တကယ်တမ်း ပြောချင်တဲ့ စကားကအာ့စကားမဟုတ်ခဲ့ဘူး ဒါပေမယ့် ထွက်သွားတဲ့ စကားတွေက နားဝင်ဆိုးတဲ့ စကားတွေ

ကလေးငယ် ဒီမှာဘာလို့ထိုင်နေတာလဲ အအေးပတ်လိမ့်မယ်လို့ မေးချင်ခဲ့တာ တာပေမယ့် ကိုယ့်ဦးနောက်ကခွင့်မပြုခဲ့

မနက်စောစော တွေးချင်ရာတွေးနေတုန်း နောက်ကကြားလိုက်ရတဲ့ သခင်လေး အသံကြောင့် ကျောပါချမ်းသွားတယ်

"ထားပါ ငါ့ရဲ့ ဒီနေ့လုပ်ရမယ့် အချိန်စာရင်းကို အိမ်တော်ထိန်းပေးသွားတယ်မော့လား ငါ့ကိုပြ ဘာတွေ လုပ်ရမှာလဲဆိုတာ"

အာ့တာမှ အကြီးအကျယ်ပြဿနာတက်ပြီ အခုချိန်ထိ ဘယ်နားထားသွားလဲ မမှတ်မိ မသိတော့ဘူးကွာ အဆူပဲခံလိုက်တော့မယ်

"ဟုတ် ... သ..သခင်လေး လေးလေးက ပေးတော့ပေးသွားတယ် တာပေမယ် လေးလေးလာပြောတဲ့ အချိန်တုန်းက ကျွန် ..ကျွန်တော် အိပ်ချင်မူးတူးနဲ့ဆိုတော့ ဘယ်နားမှန်း မမှတ်မိတော့ဘူး "

"ဘာ ! ! ! ဒီလောက်အရေးကြီးတဲ့ အရာကိုမေ့စရာလားမင်းဦးနောက်ထဲ ဘာတွေထည့်ထားလို့ သတိမရရတာလဲ အသုံးကိုမကျဘူး "

AVERSION LOVE (Z And U )Tempat cerita menjadi hidup. Temukan sekarang