ချောင်းဆိုးပြီ 😁😁😁 ep 33

744 58 12
                                    

ရေချိုးပြီးလှေကားကနေ သခင်လေးရှိတဲ့ အောက်ထပ်ကိုတစ်လှမ်းချင်းဆင်းကာတွေးမိတယ် ဒီနေ့သခင်လေးကသဘောတွေကောင်းနေသလိုပဲ

သူ့ကိုကုတင်ပေါ်ကနေကန်ချတာတောင် ဘာမှမပြောပဲ ပြုံးစိစိနဲ့ ရယ်နေသေးတယ် ဘယ်လိုလူမှန်းကိုမသိဘူး ဟွန့် သခင်လေးရဲ့ဒီလိုပုံစံလေးကို နေ့တိုင်းမြင်ချင်မိတယ်

ကျွန်တော်အောက်ထပ်ရောက်တော့ ကျွန်တော်နဲ့အတူအလုပ်လုပ်ဖူးတဲ့ မမတွေက ဘာဖြစ်ကြတယ်မသိဘူး ခါတိုင်းကျွန်တော်ရယ်ပြရင်စကားမပြောကြရင်နေ အနည်းဆုံးတော့ပြန်ရယ်ပြကြသေးတယ်

ဒီနေ့ဘာဖြစ်ကြတယ်မသိ ကျွန်တော်မှသူတို့ရှေ့ကမဖြတ်လိုက်နဲ့ ဖြတ်လိုက်တာနဲ့ သခင်လေးကိုတွေ့ရင် ဦးညွှန့်ကျသလို ကျွန်တော်ကိုပါလုပ်နေလို့ ကိုယ်လဲကြောင်တောင်တောင်နဲ့ ပြန်ပြီးဦးညွှန့်လိုက်တယ်

သခင်လေးခေါ်ထားတဲ့ ထမင်းစားခန်းထဲရောက်တော့လဲ ခါတိုင်းကျွန်တော်တာဝန်ကျရာဖြစ်တဲ့ သခင်လေးအတွက်မနက်စာပြင်ပေးဖို့ ဘေးသွားရပ်တော့ သခင်လေးကလက်ကိုဖက်ခနဲလှမ်းဆွဲလိုက်ပြီး သူ့ဘေးကခုံမှာဝင်ထိုင်စေတယ်

"သခင်လေး ဘာဖြစ်လို့လဲ ကျွန်တော်သခင်လေးဖို့ မနက်စာ ပြင်ပေးရအုန်းမှာလေ "

ကိုယ်ကသူမနက်စာစားဖို့ခေါ်ထားတာကို သူ့ပြင်ခိုင်းမယ်ထင်တဲ့ကလေးငယ် မသိချက်ကတော့လွန်တယ် ဒီလောက်ချစ်ကြောင်းလဲခဏခဏမြင်အောင်ပြနေတာကို အခုချိန်ထိကိုယ်ချစ်နေတာကိုမသိသေး ကိုယ်တိုင်မှထုတ်မပြောရင်ဒီကလေးဒီတစ်သက်သူလေးကိုချစ်နေတဲ့ကိစ္စ သိလိမ့်မယ်မထင်

ဟူး Byun Baekhyun ရေမင်းချစ်နေတဲ့သူက လူကြီးယောင်ဆောင်ထားတဲ့ ကလေးငတုံးတစ်ယောက်ဟဆိုပြီး ကိုယ်တိုင်ပဲသတိပြန်ပေးလိုက်ရတယ်

"ကိုယ်က စားပြီးပြီကလေးရ ကလေးစားဖို့ပဲကျန်တော့တာ ဟုတ်ပြီလား "

"ဟုတ် သခင်လေး အာ့ဆိုကျွန်တော်သွားစား...."

ခါတိုင်းလို မီဖိုချောင်အတွင်းထဲသွားပြီးစားမလို့ကို
စကားကိုဆုံးအောင်တောင်မပြောရသေးဘူး ဖြတ်ပြောလိုက်ပြန်တဲ့ သခင်လေး

AVERSION LOVE (Z And U )Where stories live. Discover now