(ယခုလက်ရှိကာလ)
မနေ့ညနေကတည်းက လေးလေးရွာပြန်သွားတာဆိုတော့ dနေ့မနက် သခင်လေးရဲ့တစ်နေ့တာလုပ်ရမယ် အချိန်ဇယားတွေက ကျွန်တော့်တာဝန်ပေါ့
လေးလေး မနေ့ကညကားနဲ့ မသွားခင် သခင်လေးရဲ့တစ်ပတ်စာ အချိန်ဇယားတွေ ဘယ်နားထားသွားမယ်ဆိုတာ လာပြောပေမယ့် ကျွန်တော့ရဲ့ ရွှေဦးနောက်ကိုပဲအပစ်တင်ရမယ် လေးလေးလာပြောတဲ့အချိန်က အိပ်ချင်မူးတူးနဲ့ဆိုတော့ ဘယ်နားထားသွားမယ်လို့ ပြောတာကို မမှတ်မိတော့
ဒီနေ့တော့ သခင်လေးသတ်ရင်သေလောက်တယ် လေးလေးရဲ့အခန်းထဲလဲရှာစရာနေရာမရှိအောင်ကို ရှာပြီးပြီး မတွေ့
သခင်လေးအခန်းသွားရှာရအောင်လဲ သတ္တိကအာ့လောက်မရှိ မင်းနောက်မှာသခင်လေးရောက်နေပြီလို့ တစ်ယောက်ယောက် လာအော်ရင်တောင် လှည့်မကြည့်ပဲထပြေးမဲ့ လူမျိုးထဲ ထိပ်ဆုံးကပါတယ်
(😅😅😅 so sad ပါ PCYရယ် )
ကိုယ်တိုင်က ရူးမတက်ချစ်သာချစ်တာ မျက်နှာချင်း မဆိုင်ရဲ အနားနေရဲဖို့ဆိုတာဝေးသေး တစ်ခါတစ်လေ သခင်လေးစိတ်တိုပြီး ထငေါက်ရင်တောင် လူကရင်တွေရော အသည်းတွေရောတုန်တာ လန့်မသေတာကံကောင်းတယ်ပြောရမယ်
တာတောင်သခင်လေးခေါ်ခိုင်းမှသွားရလို့တော်သေး ကျန်တဲ့အချိန်ချောင်းကြည့်တာတော့မပါဘူးပေါ့😳😳😳
သခင်လေးအဖေက သခင်လေးကျောင်းပြီးရင်လုပ်ငန်းစဝင်လို့ရအောင်လို့ဆိုပြီး လေ့လာခိုင်းထားတာတွေကို သခင်လေးကကျောင်းပိတ်ရက်တွေဆို အလုပ်ကိစ္စတွေအတွက် လေးလေးလိုသာ တစ်နေကုန်တစ်နေ့ကန်း ကူညီပေးနေရမယ်ဆို သခင်လေး အလိုမကျလို့ အော်လွှတ်တာနဲ့ ညနေရောက်ရင် သနားစရာ park chanyeolလေး အသက်တောင်ကျန်ပါ့မလားတွေးပြီး ကိုယ့်ကိုကိုပဲ သနားမိတယ်
ဘာပဲဖြစ်ဖြစ်တစ်ပတ်လောက်ပါပဲ တစ်ပတ်ပြီးရင်တော့ အရင်လိုပြန်ဖြစ်သွားမှာပါ တာပေမယ့် အာ့တစ်ပတ်အတွင်း အသက်ကိုဖက်နဲ့ထုပ်ထားရမယ်ဘ၀ပါ အမောင်parkရယ် အခုတော့တွေးနေဖို့ အချိန်မရှိတော့လို့ မီးဖိုခန်းထဲသွားပြီး သခင်လေးအတွက်မနက်စာ အဆင်သင့်ဖြစ်ပြီလားဆိုတာ တစ်ချက်ပြေးကြည့်ရတယ်
VOCÊ ESTÁ LENDO
AVERSION LOVE (Z And U )
Fanficလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...