" ကျောင်းသားမိဘမရှိပဲ ဘယ်လိုကျောင်းအပ်တာလဲ မဖြစ်နိုင်တာမပြောစမ်းပါနဲ့ကွာ "
ကိုကစိတ်တိုနေတဲ့အချိန်မို့ စကားကို ရှေ့မကြည့်နောက်မကြည့်နဲ့ တည့်တိုးပြောလိုက်မိတယ်
ပြီးမှ ကို့စကားမှားသွားမှန်းသိလို့ မျက်နှာချက်ချင်းလှမ်းကြည့်လိုက်တော့ လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး မျက်နှာကို စွတ်ငုံ့ထားတာ
ပြီးတော့မြင်နေရတဲ့ နှုတ်ခမ်းလေးကိုလဲ သွေးတောင်စို့နေပြီ ဘယ်လောက်တောင်ကိုက်ထားတာလဲ
အခုမှ ၁၀နှစ်ဝန်းကျင်ပဲရှိတဲ့ ကလေးတစ်ယောက်က သူခိုးလို့ပြောခံရတယ် ထပ်ပေါင်းပြီး မိဘမရှိတဲ့သူဆိုပြီ ပြောခံရတယ်
တကယ်မရည်ရွယ်ခဲ့ပါဘူး ကလေးငယ်
"ကဲပါ ဆရာစကားပြောမှားသွားတာ တောင်းပန်တယ်နော် ထိုင်ပါအုန်း စကားအေးအေးဆေးဆေးပြောရအောင် "
"ဟုတ်ဆရာ ရ ... ရပါတယ် ဒီအတိုင်းပဲဆက်ပြောတော့မယ် ဆရာ မသင့်တော်ပါဘူး"
ကိုလဲပြောလိုက်ရောပြာပြာသလဲ သင့်တော်တာတွေမသင့်တော်တာတွေထပြောလို့ မျက်နှာတည်ကြီးနဲ့ပိတ်ဟောက်လိုက်တော့မှ အဆင်ပြေသွားတယ်
"ကဲ နှစ်ခါမပြောဘူး ဆရာကထိုင်ဆိုရင်ထိုင်"
"ဟုတ် တောင်းပန်ပါတယ်ဆရာ"
"ကဲပြောပါအုန်း ကျောင်းဘယ်သူအပ်ပေးတာလဲ ဘာပဲဖြစ်ဖြစ်တော့အသိပေးမှရမယ်လေ မဟုတ်ဘူးလား"
"ဟိုလေ အာ့တာက သခင်လေး အဖေအပ်ပေးတာ ပြီးတော့ သခင်လေးအဖေကအားတာမဟုတ်ဘူး ကျွန်တော့ကြောင့်အလုပ်ရှုပ်မခံစေချင်လို့ပါ"
"ဘယ်ကသခင်လေးကိုပြောနေတာလဲ ကျောင်းသား"
"သခင်လေးက Byun Baek Hyunပါ "
" အာ့ ဆို Byun သူဌေးကအပ်ပေးတာပေါ့ ဟုတ်လား "
"ဟုတ် အာ့တာကြောင့် ဟို ဆ.. ဆရာ တကယ်လို့မဖြစ်မနေ အုပ်ထိန်းသူခေါ်ရမယ်ဆိုရင်တောင် ခေါ်လို့မရတာမို့
ကျွန် ... ကျွန်တော်ပဲ အပစ်ပေးခံဆိုရင်ခံလိုက်ပါမယ်ဆရာ"
ပြောလဲပြော လက်ကလေးနှစ်ဖက်ကိုရှေ့ထုတ်ပြီး ရိုက်ခံဖို့အသင့်စောင့်နေတဲ့ ကလေးဖြူစင်လွန်းတယ် ပြီးတော့ သူခိုးတာလဲဘယ်လိုမှမဖြစ်နိုင်ဘူး
ESTÁS LEYENDO
AVERSION LOVE (Z And U )
Fanficလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...