love Ep 56

494 48 5
                                    

" ကဲကဲ ရှက်မနေနဲ့တော့ ကိုယ်ကစလိုက်တာ ဒါပေမယ့် ခဏခဏခေါ်ကြည့်ပေါ့ အဲ့ဒါမှကလေးလဲအသားကျလာမှာ ဒီရက်ပိုင်း ကိုယ်လုပ်စရာတွေများတယ် စံအိမ်မှာဆိုရင် ကိုယ်ကလေးကို ကောင်းကောင်းစောင့်ရှောက်နိုင်မှာမဟုတ်ဘူး အဝတ်စားအတွက်ကတော့စိတ်မပူနဲ့ ကိုယ့်အခန်းထဲမှာရောက်နေပြီ "

တရွှေ့ရွှေ့လှုပ်ရှားသွားလာနေကြတဲ့ ကားလမ်းမကြီးပေါ်မှာ လူတွေကတော့ ခံစားချက်ကိုယ်စီနဲ့ သက်ဝင်နေပါတယ်။ လူတိုင်းမှာတော့ဖော်ပြလို့မရစွာများပြားလှတဲ့ ပြဿနာမျိုးစုံကို ရင်ဝယ်ပိုက်နေရစမြဲပါပဲ။

တစ်ချို့သောသူတွေကတော့ အချစ်ဆိုတဲ့အရာကို နားမလည်ကြသလို တစ်ချို့ကြတော့လဲ အချစ်နွံထဲမှာ နစ်မြုတ်နေစမြဲပါပဲ။ အချစ်ဆိုတဲ့အရာက ဆားမပါရင်အရသာ မရှိတဲ့ဟင်းတစ်ခွက်လိုပါပဲ လူ့ဘ၀ကြီးမှာတော့ အချစ်မရှိရင် အဓိပ္ပာယ်မရှိသလိုပါပဲ။

အချစ်မှာမျိုးစုံရှိပါသေးတယ်။ မွေးမွေးခြင်းခံစားရတဲ့ မိသားစုတွေ ရဲ့အချစ်၊ မွေးချင်းမောင်နှမတွေတစ်ဦးနဲ့တစ်ဦးမှီခိုအားထားရတဲ့အချစ်၊ ကျောင်းတက်ရင်းပေါ်ပေါက်လာခဲ့တဲ့သူငယ်ချင်း တွေကြားက သံယောဇဉ်အုတ်မြစ်ဖြစ်တဲ့အချစ်၊ နောက်ဆုံးမှာတော့ လောကကြီးမှာ အရက်စက်ဆုံးနဲ့ အချိုမြိန်ဆုံးလို့ သတ်မှတ်လို့ရတဲ့ ဘ၀လက်တွဲဖော်အချစ်ဆိုတာပေါ့။

တစ်ချို့သော လူတွေကတော့ နွံနစ်မှန်းသိပေမယ့် အချစ်နွံထဲမှာတော့ ပြောစရာမလိုအောင်ကို ရဲရဲကြီးခုန်ဆင်းကြပါတယ်။ မိုက်မဲလွန်းတယ်လို့ သတ်မှတ်လို့ ရသလို နောက်တစ်မျိုးကတော့ ရူးသွက်မှုလို့သတ်မှတ်ကြပါတယ်။ ခြောက်ကပ်နေတဲ့ဘ၀ကြီးထဲကိုချော့တစ်လှည့်ခြောက်တစ်လှည့် ၀င်လာခဲ့တဲ့ Byun Baekhyun ဆိုတဲ့လူသားတစ်ယောက်ကို ကျောခိုင်းကာထားခဲ့ဖို့လဲ စိတ်ကူးလုံးဝမရှိခဲ့ပါ။

အတွေးကိုယ်စီနဲ့ နစ်မြောနေတဲ့ လူသားနှစ်ယောက်ပါတဲ့ ကားလေးဟာဆိုရင် အထပ်မြင့်မြင့်နဲ့ ခမ်းနားတင့်တယ်စွာ တည်ရှိနေတဲ့ condo ကြီးရဲ့ အောက်ကိုဆိုက်ရောက်လာခဲ့ပါသည်။ ငယ်သေးတဲ့အသက်အရွယ်နဲ့ မလိုက်ဖက်စွာဝတ်ဆင်ထားတဲ့ suit ၀တ်စုံအနက်ဝမ်းဆက်ကလေးကို စတိုင်ကျစွာဝတ်ဆင်ထားတဲ့ လူသားဟာဆိုရင် အသားဖြူဖြူဝင်းဝင်းလေးနဲ့ လိုက်ဖက်လှလွန်းသော အကျီအရောင်နုနုလေးကို ၀တ်ဆင်ထားပြီး အပြုံးနုနုလေးကို မျက်နှာထက်ဖန်ဆင်းထားတဲ့ လူသားလေးတစ်ယောက်ကို လက်ကနေဆုပ်ကိုင်ထားပြီး တစ်လောကလုံးကို ဒီလူသားကသူပိုင်ဆိုင်ထားပါကြောင်း ကြွားဝါနေသလို ဖြစ်နေခဲ့ပါတယ်။

AVERSION LOVE (Z And U )Donde viven las historias. Descúbrelo ahora