သခင်လေးရဲ့ ခဏလေးအတွင်းပြောင်းလဲလာတဲ့ ပုံစံကိုသာပြန်စဉ်းစားရင် လက်မှာရှိတဲ့ တီဗီRemote ကိုလဲ ကြည့်ချင်တဲ့ အစီအစဉ် တွေ့အောင်ဟိုလျှောက်ပြောင်း ဒီလျှောက်ပြောင်းလုပ်နေတုန်း
မကြားသင့်ပါပဲ၊ မကြားချင်ပါပဲနဲ့ တစ်ခုမှမကျန် အစအဆုံးကို နားထဲတိုက်ရိုက်ကြားနေရတဲ့ စကားတွေကတမင်တကာသေချာကြားအောင်များပြောနေသလား အယ့်တာမှမဟုတ် ဘယ်သူမှမရှိဘူးမှတ်ပြီးပြောနေသလားပဲ
တာပေမယ့်ကြားနေရတဲ့ကျွန်တော်ကတော့ နားတင်ပဲလားဆိုတော့မဟုတ်ဘူး နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးနေရာထိ မသွင်းချင်ပါပဲ သူဘာသာသူတည့်တည့်ဝင်ချသွားတဲ့ လူသတ်လက်နက်တွေကြောင့် မငိုချင်ပါပဲနဲ့ ကျိတ်ငိုနေမိတယ်
ကျွန်တော့ရှိတယ်ဆိုတာသိပြီး မျက်စိရှေ့တည့်တည့် လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောမှာကြောက်လို့ အသံမထွက်အောင် ကိုယ့်လက်ကိုသာကိုက်နေမိတယ်
"ဟဲ့ နင်ဟိုသတင်းသိပြီးပြီးလား"
"ဘာသတင်းလဲမသိသေးဘူး ပြောပြအုန်း"
"အေးနင်မသိသေးရင်ငါပြောပြမယ် ဟိုကောင်လေးသိလား"
"အန် ဘယ်ကောင်လေးလဲ "
"အာ ဟိုမိဘမဲ့ဂေဟာက ကောင်လေးလေ နင်သိပါတယ်ဟာ နင်တောင်ချစ်ဖို့ကောင်းတယ်လို့ဆိုပြီး ငါ့တောင်ပြောပြသေးတယ်လေ "
"အာ အာ့ကောင်လေးလားဘာပြုလို့လဲ"
"ငါခဏတုန်းက လုပ်စရာရှိလို့ထမင်းစားခန်းထဲသွားတော့ဟာ သူတို့ကအုပ်စုဖွဲ့ပြီး တိုးတိုးနဲ့ပြောနေကြလို့ ဘာများဖြစ်တာလဲဆိုပြီး ငါလဲဝင်စပ်စုလိုက်တာ ငါဘာသိလာတယ်ထင်လဲ"
"ဟာ ဘာဖြစ်လို့လဲ သိချင်နေပြီ ပြောပြလေ"
"ပြောတော့ပြောပြမယ် တာပေမယ့်မဲ့ တကယ့်သတင်းကြီးဆိုတော့ ငါပြောပြရင်ဘာပြန်ရမှာလဲ"
"အမလေး အမတော်ရယ်အရေးထဲဈေးကိုင်နေသေး နင်ငါ့စီကလိုချင်နေတဲ့ကလစ်ပေးမယ် ဟုတ်ပြီလား"
"ဟ ဟဟုတ်ပြီ ဟုတ်ပြီ အာဆိုပြောပြမယ် အာ့ကောင်လေးကအခုနေမကောင်းတာသိတယ်မော့လား"

ESTÁS LEYENDO
AVERSION LOVE (Z And U )
Fanficလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...