club ရောက်တုန်းရောက်ခိုက် တလစာဝင်ငွေထွက်ငွေလေးတွေစစ်နေတုန်း ရှေ့ကsofa ပေါ်တင်ပြီးအိပ်ခိုင်းထားတဲ့တစ်ယောက်ကို ခဏလှမ်းကြည့် မိတဲ့ တခဏ တိုင်နဲ့သာပြေးစောင့်လိုက်ချင်တယ်
ဘယ်နှယ့်တော် ကိုယ်ကသာမူးပြီးအိပ်ပျော်နေတယ်ထင်တာ သူ့ကိုအိပ်ခိုင်းထားတဲ့ sofaလက်ရန်းပေါ်မှာ မေးကြီးတင်ပြီး မိန့်မိန့်ကြီးပြုံးကြည့်နေတာအယ် အသံတောင်ထွက်နေလိုက်သေး
ခ် ခ် ခ် ! ! !
'' ဟိုတစ်ယောက်ဘာတွေကြည့်နေတာလဲ''
'' ချောလို့ ပြီးတော့ချစ်စရာကြီး ဟီးဟီး ကိုက်စားချင်စရာကြီးနော်''
'' ဟန် ဘာကွ ! ! ! ''
''တကယ်ပါဆိုမှမယုံဘူးလား သားလက်တွေ့ပြမယ် ခဏလေးနော် ဟီးဟီး''
တားချိန်တောင်မရလိုက်ပါ sofa ပေါ်ကအထ သူ့ပေါ်ခြုံပေးထားတဲ့ စောင်ရဲ့အနားစနဲ့လုံးသွားပြီးဒလိမ့်ကောက်ကွေးပြုတ် ကျတယ်
''အင့် ဟေ့လူတစ်ယောက်လုံးကြီးတောင်မမြင်ဘူးလားကွ ဒီမှာငါသွေးထွက်သွားပြီကွ !!! "
တကယ်ပါအာ့အရစ်စိန်ကဘယ်သူ့ပြောနေတယ်ထင်လဲ သူ့ခြေထောက်နဲ့ညိသွားတဲ့ စောင်ဆိုတဲ့အရာကိုရန်ထောင်နေခြင်း
'' လာထ ဆက်မပြောနဲ့တော့ ထိုင်ဒီပေါ် ''
'' ဟုတ်ဘူးလေသူ့ကြောင့် သားနာသွားတာလေအာ့ကြောင့် သူ့ပြောပေးနောက်ကျလူကိုမြင်အောင်ကြည့်သွားလို့ ပြောပေး နော် . နော် လို့ ! ! "
ဟူးဒီတစ်ယောက်နဲ့မှမရူးရင်ငါဘယ်သူ့ကြောင့်မှရူးတော့မယ်မထင် ဘယ့်နှယ့်တော် စောင်သွားရန်ရှာနေတာ ဟိုကလူမြင်အောင်ဘယ်လိုကြည့်ပြီး ဘယ်လိုရှောင်နိုင်မှာလဲ ဟိုကလူလဲမဟုတ် သက်မဲ့ပစ္စည်း ရှောင်ခြင်းရှောင်လူဖြစ်တဲ့သူကရှောင်ရမှာလေ
ဟူးးးးး . . . .
ငမူးနဲ့ပြိုင်ပြောလဲပြောတဲ့သူကရှုံးမှာပဲ
နောက်တစ်ခါ Park Chanyeol အရည်သောက်ရင် ( alcoholပြောတာနော် ) ကိုယ်တွေအရင်မူးအောင်သောက်ရမယ် အယ်အာ့လိုလဲမဖြစ် နှစ်ယောက်လုံးမူးနေလို့အိမ်မပြန်နိုင်ရင် လမ်းမှာအိပ်ရမယ့်ကိန်း မဖြစ်မဖြစ်
ŞİMDİ OKUDUĞUN
AVERSION LOVE (Z And U )
Hayran Kurguလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...