နွေးထွေးလွန်းတယ် Ep 10

882 69 15
                                    

စကားနဲ့မပြောပဲ အကြည့်လေးတစ်ခုကတင် ရင်ခွင်ကိုနွေးထွေးစေတယ် ကိုကို

...........................................................................

အမှောင်လောကကြီးထဲ မရောက်ခင်နောက်ဆုံးသိတဲ့အသိက နားထဲမှာစွဲနေခဲ့တဲ့ သခင်လေးရဲ့ ကလေးလေးလို့ခေါ်တဲ့အသံလေး

ရင်ထဲတကယ်ကိုနွေးထွေးစေတယ်

အခုနိုးလာတော့လဲ ညာဘက်လက်မှာဆေးပိုက်တွေနဲ့လှု ပ် လိုက်တိုင်းနာတယ်ဆိုပေမယ့် ဘယ်ဘက်လက်မှာတော့ ချွေးထွက်အောင်ကိုကိုင်ထားပြီးအိပ်နေတဲ့ လက်တစ်စုံ ဘယ်သူလဲဆိုတာ မျက်နှာမမြင်ရပေမယ့်   အထိအတွေ့နဲ့တင်သိနေတဲ့ ကိုယ့်ကိုကိုလဲအံ့သြတယ်

အိပ်နေတာဘယ်လောက်ကြာပြီလဲတော့မသိဘူး အပြင်မှာလှမ်းမြင်နေရတဲ့ အလင်းရောင်က တော်တော်မှောင်နေပြီ ပြီးတော့ဘယ်လောက်တောင် အိပ်ထားမှန်းမသိတဲ့ ခန္ဒာကိုယ်က ကျောရိုးကနေထုံနေတာနဲ့ နည်းနည်းလေး လှု ပ်ကြည့်လိုက်တော့

" ကလေးနိုးပြီလား ခေါင်းတွေဘာတွေရော ကိုက်သေးလား အသက်ရှူ ရတာဘယ်လိုလဲ အဆင်ပြေရဲ့လား ဗိုက်ဆာလား အယ်နေဦး doctorခေါ်ခိုင်းလိုက်မယ်"

" အပြင်ကတစ်ယောက်ဝင်ခဲ့ ! ! ! "

" သခင်လေးဘာအလိုရှိပါလဲ "

" ကလေးသတိရနေပြီ doctor သွားခေါ်ခဲ့ "

"ဟုတ်ကဲ့သခင်လေး "

အလွန်စိုးရိမ်တဲ့မျက်နှာနဲ့ ကြည့်ပြီး  ကလေးချော့သလိုချော့မြူ  ပြီးတစ်ရစပ်မေးနေတဲ့ သခင်လေးကို ပြန်ဖြေဖို့အဖြေပျောက်ရှနေမိခဲ့တယ်

" ကလေး ! ! ! အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ မသက်သာဘူးလား"

အခုမြင်နေရတဲ့ လူသားကသခင်လေးမှဟုတ်ရဲ့လား
တခါမှမသိခဲ့ဘူး သခင်လေးရဲ့စိတ်ပူနေတဲ့ပုံစံက Dလိုကြည့်ကောင်းမှန်း

" ကလေး ! ! ! "

" အယ် ဗျာ သ သခင်လေး "

"ကိုယ့်ကိုဘာလို့အာ့လောက်ကြည့်နေတာလဲ ဘာလဲ ချောလို့လား "

မျက်နှာကိုကြည့်P ပြုံးစိစိနဲ့မေးလာတဲ့ သခင်လေးကြောင့် လူလဲအယောက်အမှားမှားဖြစ်လို့

AVERSION LOVE (Z And U )Donde viven las historias. Descúbrelo ahora