ကလေးကဆေးရုံကနေဆင်းချင်တယ်ဆိုလို့ ကလးအတွက်ဆောင်ရန်ရှောင်ရန်တွေ အကုန်မေးပြီးမှ အိမ်ကိုပြန်ခေါ်လာခဲ့ရတယ်
"ကလေးလမ်းလျှောက်နိုင်ရဲ့လား ကိုယ်ကားဆီချီသွားပေးရမလား"
ဆေးရုံဆင်းလို့ရပြီဆိုလို့ သခင်လေးကသောက်ရမယ့်ဆေးအိတ်ကိုတစ်ဖက် ကုတင်ပေါ်ကနေအောက်ကိုဆင်းနေတဲ့ ကျွန်တော့လက်မောင်းကိုတစ်ဖက်ထိန်းကိုင်ရင်းမေးလိုက်တဲ့ စကားကြောင့် အခုမှပျောက်ထားတဲ့ အဖျားပိုးတောင်ပြန်ထချင်လာတယ်
ဘယ်လိုကြီးမေးချလိုက်တာလဲ ကျွန်တော့ခြေထောက်ကလဲ ထိခိုက်မှုမရှိထားပါဘူး တာကိုအာ့လိုမေးတဲ့သခင်လေးကြောင့် အယောင်ယောင်အမှားမှားနဲ့ ကိုယ့်ခြေထောက်ကို ငုံ့ကြည့်မိတယ်
"ကလေး ..ကလေး ဘာဖြစ်လို့လဲ နေမကောင်းလို့လား ခေါင်းမူးလို့လား ခြေထောက်နာလို့လား မဖြစ်ပါဘူး ဆရာဝန်သွားခေါ်မှ ခဏလေးနော် ကလေး "
ကိုယ်ဘာသာကို သခင်လေးပြောလိုက်တဲ့စကားကြောင့် ခဏကြောင်သွားတာကို အစိုးရိမ်လွန်ပြီး ဆရာဝန်သွားခေါ်မယ်တွေလုပ်နေလို့ မနည်းတားလိုက်ရတယ်
"မဟုတ် ...မဟုတ်ဘူးကျွန်တော် ရ..ရတယ် မခေါ်နဲ့တော့ ကိုယ်ဘာသာလမ်းလျှောက်နိုင်တယ် ကျေးဇူးတင်ပါတယ် သခင်လေး"
"အန် အော် အေးအေးအာ့တာဆို အကို့လက်ကိုထိန်းကိုင်ပြီးလျောက်လေ အဆင်ပြေလား"
"ဗျာ ! ! ! ဟုတ်...ဟုတ် "
တစ်ခါမှမပြောဘူးတဲ့ စကားတွေပြောလာတဲ့သခင်လေးကြောင့် လူလဲအလွဲလွဲအမှားမှားတွေဖြစ်လို့
သခင်လေးကကျွန်တော်လက်မောင်းတစ်ဖက်ကို ဆုတ်ကိုင်ပြီး ထိန်းလျှောက်ပေးတာကို အလကားနေရင်း ချွေးတွေပြန်ကာ ခလုတ်တိုက်ရတာနဲ့
ဓာတ်လှေကားစီးတော့လဲ လက်မအားတဲ့သခင်လေးကြောင့် ခလုတ်နှိပ်ပေးတော့လဲ ကားပါကင်အထပ်နှိပ်ရမှာကို ခေါင်မိုးထပ်မှားနှိပ်ရတာနဲ့ ချွေးတွေထွက်နေလို့ သခင်လေးက ပူနေတာလားလို့မေးတာကို အယောင်ယောင်အမှားမှားနဲ့ မဟုတ်ဘူးအေးနေတာလို့ပြောလိုက်မိရတာနဲ့ ကားတံခါးဖွင့်တော့လဲ လက်တုန်နေလို့ သခင်လေးကပဲဖွင့်ပေးလိုက်ရတဲ့အဖြစ်

CZYTASZ
AVERSION LOVE (Z And U )
Fanfictionလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...