"Kai ငါရောက်.....ရောက် ဟာမင်းအိမ်တစ်အိမ်ထဲကွက်ပြီး ငလျှင်လှုပ်သွားတာလား ရှုတ်ပွနေတာပဲ "
"Hyung ! ပြောတော့ မမ Sunny နဲ့ဘာမှမပတ်သတ်ဘူးဆို အခုဒီဓာတ်ပုံတွေက ဘာတွေလဲ Han ကိုရှင်းပြအုန်း "
"မင်းမှမယုံတာ ငါမဟုတ်ပါဘူးလို့ဒီလောက်ရှင်းပြနေတာကိုနောက်ပြီး တာငါ့ကိုယ်ရေးကိုယ်တာပါ မင်းဝင်မရှုတ်သင့်ဘူးထင်တယ် ပြီးတော့ မင်းကိုယ်မင်းဒဏ်ရာရအောင်လုပ်နေတာကို ရပ်လိုက် မင်းအာ့လိုလုပ်ပြနေလဲ ငါ့အဖြေကတော့ တစ်မျိုးထဲပဲ မပြောင်းလဲဘူး "
လက်ကသွေးတွေတစ်တောက်တောက်ကျနေပြီး အိမ်သုံးဓားကိုလက်မလွှတ်ပဲ ဆုပ်ကိုင်ထားတာတောင် တစ်ချက်ကလေးမှမျက်နှာပျတ်မသွားပဲ နဂိုအတိုင်းပဲမပြောင်းလဲပဲစိုက်ကြည့်နေတဲ့သူ
ဟစ် ! ! ! မေ့နေခဲ့တဲ့သူကကျွန်တော်ပဲဆိုတာ သူ့အတွက်ကျွန်တော်ကအရေးမပါတဲ့သူတစ်ဦးပဲ
ကျွန်တော်သေရင်တောင် ကျွန်တော့်အတွက်ဝမ်းနည်းပေးမယ့်သူတွေထဲမှာ သေချာပေါက်မပါဘူးဆိုတာ တပ်အပ်သိနေပေမယ့် မျှော်လင့်ချက်လေး သေးသေးလေးပဲဖြစ်ဖြစ် လိုချင်မိတာ
"Lu Hyung လက်ကဓားကိုလွှတ်ချလိုက်နော် သွေးတွေအများကြီးပဲထွက်နေပြီ အန္တရာယ်များတယ် Hyung "
"ဟစ် ! ခ်.ခ် ....ဟား ဟား ဆက်မပြောပါနဲ့ Baekhyunရယ် ရယ်ရလွန်းလို့ မျက်ရည်တောင်ထွက်နေပြီသိလား"
"Hyung ! ! !တော်တော့ တကယ်ပြောနေတာ Hyung မနာဘူးလား သွေးတွေအများကြီးပဲ"
Baekhyun ပြောမှ လက်ကိုသေချာကြည့်မိတယ် သွေးတွေကိုရဲရဲနီလို့ မနာဘူးလားတဲ့ ဟစ်နာတာပေါ့ တာပေမယ့် သွေးတွေတစ်စိမ့်စိမ့်ထွက်နေတဲ့လက်ကမဟုတ်ဘူး နာလွန်းလို့ ရင်ဘက်ထဲကနှလုံးတောင်မခုန်ချင်တော့ဘူး
" သွေးထွက်တော့ရော ဘာအရေးလဲ အလွန်ဆုံးသေသွားရုံပဲလေမဟုတ်ဘူးလား ငါလိုချင်ခဲ့တာက အခုလိုအော်ကြီးဟစ်ကျယ်နဲ့ စကားမာမာပြောပြီး ရှင်းပြတဲ့ရှင်းလင်းချက်မဟုတ်ခဲ့ဘူး ဟင့် ! ! ! အင့် ! ! !
ငါ...ငါလိုချင်တာကအခုလိုစိမ်းကားတဲ့ အကြည့်တွေနဲ့ ကြည့်တဲ့အကြည့်တွေမဟုတ်ခဲ့ဘူး ငါ့ကိုမချစ်ရင်နေပါ သူ့ညီ kaiကိုဂရုစိုက်သလိုလေးပဲ ငါလိုချင်မိခဲ့တာပါ ဟင့်! ! ! Baek..ငါ...ငါမှားသွားတာလား ဟင်း ! ! ! "
ESTÁS LEYENDO
AVERSION LOVE (Z And U )
Fanficလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...