Second Face Ep 44

661 58 17
                                    

တီ ! ! ( ဖုန်းမြည်သံ )

လက်ကဒဏ်ရာကြောင့် တစ်နေ့လုံး အဖျားကြီးနေတဲ့ ဟန်လေးကို စိတ်ပူကာအလုပ်လဲမသွားနိုင်  ရေလိုကြည်လင်ပြီး စိတ်ဓာတ်ဖြူ စင်တဲ့လူငယ်လေးတစ်ယောက်က အခုလိုမျိုးတွေ ကြုံနေရတာ ဘယ်သူ့ကြောင့်လဲဆိုတာ ပြေးမကြည့်လဲသိသာတယ်

မိုက်မဲလိုက်တဲ့ ဟန်လေးမဟုတ်ဘူးလို့ပြောရင် မဟုတ်ဘူးပေါ့ ဘာ့ကြောင့်ကိုယ့်အသားကိုနာကျင်အောင်လုပ်နေတာလဲ

ဘယ်လောက်ပဲမချစ်ဘူးလို့ပဲ ဟန်ဆောင်ပြောနေပါစေ hyung မျက်လုံးတွေကို သေချာကြည့်ရင်မြင်ပါလိမ့်မယ် ဟန်လေးက ကိုယ့်အသက်ရှင်သန်ရာဆိုတာကို

ဥပေက္ခာပြုမှရမှာမို့လို့ ဟန်လေးကိုဂရုမစိုက်ခဲ့တာ ဘာကြောင့်ဟန်လေးအတွက် အဲ့ဒီလောက်တောင်ခက်ခဲသွားရတာလဲ

နောက်ထပ်ငါ့ဆီလှမ်းလာမဲ့ ဟန်လေးရဲ့ ခြေလှမ်းတွေ ရပ်တန့်အောင် ဘယ်လိုလုပ်ရမလဲ ရှုတ်ထွေးပြီးအန္တာရယ်များတဲ့ ကိုယ့်ဘဝထဲ မဝင်ခြင်ပါနဲ့ကွာ

ဖြူစင်လှတဲ့ လူသားလေးကိုအရောင်မဆိုးခြင်လို့ မမြင်ချင်ယောင်ဆောင်နေပါတယ်ဆိုမှ အဲ့ဒီအဖြူရောင်လူသားကို ချစ်နေမိပြီ

" han လေး ကိုယ်မင်းကို ချစ်နေမိပြီ ဘယ်လိုလုပ်မလဲ "

" hyung ! ! ! တကယ်ပြောနေတာလား ကျွန်တော့ကိုချစ်တယ်ဆိုတာ "

"အေး ဟုတ်တယ် ကြာလှပြီ ဟန် ! ! ! မင်း ! မင်း ! ! သတိမေ့နေတာမဟုတ်ဘူးလား "

လက်ကဒဏ်ရာကြောင့် သွေးထွက်လွန်ပြီးအားအင်ပြတ်ကာ လူကမလှုတ်နိုင်ပေမယ့် ကျွန်တော့ဘေးမှာ ပြောနေသမျှစကားတွေကို အကုန်ကြားနေရတယ် နားထဲမှာ တစ်တီတီနဲ့ နားဝင်ဆိုးလှတဲ့ ဖုန်းသံကြောင့်ဆိုရင် ပိုမှန်မယ်ထင်တယ်

အရင်တုန်းကလို ပစ်ပစ်ကာကာနှင်မလွှတ်ပဲ နာက်ဆုံးတော့ hyungကကျွန်တော့ကို ဂရုစိုက်ပြီပေါ့

ဒဏ်ရာကြောင့် hyung ကျွန်တော့ကိုဂရုစိုက်တယ်ဆိုတာသိပေမယ့် မသိချင်ယောင်ဆောင်ကာ hyung လှုပ်ရှားသမျှတွေရယ် hyung ရဲ့ဖြူစွတ်ပြီး အနီရောင်လေးသန်းနေသော လက်ချောင်းလေးတွေနဲ့ ညှင်ညှင်သာသာကိုင်ကာ ဆေးထည့်ပေးနေတာကို အိပ်ချင်ယောင်ဆောင်ကာ hyung ရဲ့လှုပ်ရှားပုံကိုအလွတ်မှတ်နေမိတယ်

AVERSION LOVE (Z And U )Where stories live. Discover now