တန်ပြန် Ep 42

686 58 12
                                    

"ကလေး ဒီမယ် ကိုယ့်ကိုကြည့် "

တစ်ကိုယ်လုံးကိုတုန်ရီနေကာ ဒူးနှစ်ဖက်ကိုဖက်ထားတဲ့ လက်ကလေးနှစ်ဖက်ကလဲ  လက်သည်းလေးတွေနဲ့ သွေးထွက်အောင်ကုတ်ဖဲ့နေတော့ ဒီအတိုင်းဆက်ထားရင် ကလေးငယ်ပိုနာကျင်မှာစိုးလို့
သူ့လက်ကလေးကို ဘယ်မှဆက်ပြီးမကုတ်နိုင်အောင် သိမ်းကိုင်ထားလိုက်တယ်

"ကလေး စိတ်ကိုလျော့ထားလိုက် ဘာမှမဖြစ်ဘူး ကလေးဘေးမှာကိုယ်ရှိတယ် "

ရင်ခွင်ထဲကို နားခိုလာတဲ့ ကလေးငယ်ကိုဖက်ထားလိုက်ကာ ခေါင်းလေးကိုထိန်းကိုင်ထားလိုက်မှ တစ်ဖြည်းဖြည်းအသက်ရှု မှန်လာတယ် ဘယ်လောက်တောင်ကြောက်နေလိုက်တဲ့ကလေးငယ်

"သခင်လေး ကျွန်..ကျွန်တော်ကြောက်တယ် "

"ကလေး ဒီမယ်ကြည့် ကိုယ့်ကို "

ကလေးငယ်ကိုကြည့်ခိုင်းလိုက်တော့ ပြောတဲ့အတိုင်းလေးမော့ကြည့်လာတယ် တာပေမယ့် ပေါ်လာတဲ့မျက်နှာလေးမှာပါးပြင်ရဲရဲလေးရယ် နှာခေါင်းထိပ်ကငိုထားလို့နှာစေးကာ နီရဲနေတဲ့နှာခေါင်းထိပ်ကလေးနဲ့ မျက်ခွံမို့မို့လေးတွေကြောင့် ကလေးကိုပြောမယ့်စကားတွေပျောက်ရှပြီး ချစ်ဖို့ကောင်းလွန်းလို့ ကိုက်စားချင်စိတ်ကတစ်ဖွားဖွား

"အဟမ်း ကလေး ဟူး ! ! ကလေး ကိုယ်ကလေးကိုကိုက်စား အယ် ! ! မှားလို့ အဟမ်းတာနဲ့ ကိုယ်ပြောနေတာဘယ်ရောက်သွားပြီလဲ "

"ဗျာ မသိဘူးလေ သခင်လေး  "

သခင်လေးရဲ့ ကြောင်တောင်တောင်စကားတွေကြောင့် ငိုဖို့လဲမေ့ ကြောက်ဖို့လဲမေ့သွားကာ သခင်လေးမျက်နှာကိုသာမော့ကြည့်နေမိတယ်

တစ်ခါတစ်လေ သခင်လေးကို ကျွန်တော်နားမလည်ဘူး ခဏလေးအတွင်းပြောင်းလဲတက်တဲ့သခင်လေးရဲ့စိတ်ကိုနားမလည်ဘူး

မထင်ရင်မထင်သလို သခင်လေးကနူးနူးညံ့ညံ့ဆက်ဆံတက်သလို ခက်ခက်ထန်ထန်လဲ လုပ်တက်တယ်

ချို ချို သာသာလဲပြောတက်သလို ရိုင်းရိုင်းစိုင်းစိုင်းလဲ ပြောတက်သေးတယ်

ကျွန်တော့အပေါ်မှာ ကြင်ကြင်နာနာဂရုစိုက်တက်သလို ဥပေက္ခာပြု ကာလဲနေတက်သေးတယ်

AVERSION LOVE (Z And U )Where stories live. Discover now