အဖေ့ကိုဆက်ပြီးစကားမပြောချင်တော့တာနဲ့ အိပ်ချင်တယ်ပြောပြီး နှင်ထုတ်လိုက်တာ မကြာပါဘူး မျက်လုံးကမှေးဆင်းလာတဲ့ အိပ်ပျော်သွားတာ
နိုးလာတော့ ခါတိုင်းနှစ်တွေလိုပဲ အခန်းပဲဘယ်သူမှ မရှိဘူးထင်ထားတာ
ဒါပေမယ့် ဒီနှစ်ကျမတူဘူး လက်နွေးနွေးလေးတစ်စုံက ဆုတ်ကိုင်ပေးထားတယ်
ပြီးတော့ ကုတင်ပေါ် လက်တင်ပြီး ခေါင်းခုအိပ်ပျော်နေတဲ့ ကလေးကိုမြင်လိုက်လိုက်တော့ ခါတိုင်းခံစားနေကျ အထီးကျန်ပြီး အေးခဲနေတဲ့ အရသာမဟုတ်ဘဲ နွေးထွေးတယ်
လူတစ်ယောက် ကိုယ့်ကိုစောင့်ပေးနေတယ် ဆိုတဲ့ခံစားချက်က လူကိုလှိုက်ခနဲ့ လှိုက်ခနဲနဲ့ ပီတိဖြစ်စေတယ်
တာပေမယ့်အာ့ခံစားချက်ကတခဏလေးပါပဲ ဘာလို့လဲဆိုတော့ သူကိုယ့်အနားမှာရှိတာက သူလကုန်ရင်ရမယ့် လစာကြောင့်မလို့ဆိုတဲ့အသိက လူကိုဝမ်းနည်းစေတယ်
နောက်ဆုံးတော့ တွေးမိလိုက်တာက ကိုယ့်မှာ ဘယ်သူမှမရှိဘူးဆိုတာပဲ
" အယ် သခင်လေး နိုးပြီလား ဗိုက်ဆာနေလား ကျွန်တော်ပြင်ပေးမယ် "
ကိုယ်ကိုပြောလဲပြောထလဲထလိုက်တဲ့ သူကိုသာလိုက်ကြည့်မိတယ်
ခဏကသူကိုင်ပေးထားတဲ့ လက်နွေးနွေးကအခုတော့ ဗလာပဲသူကိုင်ပေးခဲ့လို့ကျန်ခဲ့တဲ့ နွေးထွေးမှုက မိနစ်ပိုင်းပဲကျန်တယ် ဘာလို့လဲမသိဘူး အာ့ခဏလေးပဲနွေးတယ်ဆိုတဲ့ လက်ကို ဆက်ကိုင်ချင်မိတယ်
" သခင်လေး ကြက်သားဆန်ပြုတ်ပူပူလေးပါ "
"ငါ မစားချင်ဘူး"
ကျွန်တော်ကိုခဏပဲ ကြည့်ပြီး ဟိုဘက်ပြန်လှည့်သွားတဲ့ သခင်လေးမျက်နှာက ဝမ်းနည်းရိပ်တွေထင်းခနဲ
ဘာကိုဝမ်းနည်းတာလဲသိချင်မိတယ် သခင်လေးအဖေကြောင့်လား ဒါမှမဟုတ် သခင်လေးအမေကြောင့်လား မွေးနေ့မှာ ဘယ်သူမှ မရှိတာကြောင့်လား
ဘာပဲဖြစ်ဖြစ် ဘယ်သူမှမရှိရင်နေပါ သခင်လေးအနားမှာ ကျွန်တော်အမြဲရှိနေမှာပါ ဘယ်သူမဆိုကိုချစ်တဲ့သူ့နားကို အမြဲတမ်းနေချင်မှာပဲ မဟုတ်လား
YOU ARE READING
AVERSION LOVE (Z And U )
Fanfictionလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...