Min Hee ရဲ့ပြဿနာပေါင်းများစွာကိုတစ်နေ့တစ်နေ့မရိုးနိုင်အောင်လိုက်ရှင်းနေရတာနဲ့ အိမ်မှာသိပ်မနေဖြစ်ခဲ့ အခုလဲဘာစိတ်ကူးပေါက်တယ်မသိ ပြဿနာလိုက်မရှာတော့ပဲ အိမ်ပြန်သွားတဲ့ အရူးမလေးကြောင့် ကိုယ်လဲအိမ်စောစောမပြန်တဲ့ရက်များပြီမလို့ ဘယ်မှမသွားပဲ အိမ်တန်းပြန်ဖြစ်တယ်
အိမ်ထဲဝင်ဝင်ခြင်း မျက်လုံးထဲတန်းမြင်လိုက်ရတာက ဧည့်ခန်းထဲကဆိုဖာပေါ်မဟုတ်ပဲ အဲ့ဒီအောက်က ကြွေပြားပေါ်မှာ ထိုင်ပြီးဆိုဖာပေါ်ကိုခေါင်းတင်အိပ်နေတဲ့ ကလေးငယ် အဲ့တာတွေကြောင့် စိတ်မချနေရတာကြမ်းပြင်ကအေးနေတာကို ကလေးငယ်ရာ ကိုယ့်ကျန်းမာရေးကိုဂရုမစိုက်ဘူး
နှဖူးပေါ်ဝဲကျနေတဲ့ ကလေးငယ်ရဲ့ ဆံပင်လေးကိုအသာလေးကိုင်လိုက်တော့ နူးနူးညံ့ညံ့လေးက လက်ထဲမှာခံစားနေမိတယ်
ဂရုမစိုက်မိတဲ့ နေ့တွေမှာအရင်လိုပြည့်ပြည့်ဖောင်းဖောင်းပါးလေးမရှိတော့ပဲ ချောင်ကျသွားတဲ့မျက်နှာလေးနဲ့ ကလေးရယ်ကိုယ်မရှိတဲ့နေ့တွေမှာ ကိုယ့်ကိုကိုဂရုမစိုက်ဘူးလား ခဏလေးပါသိပ်မကြာတော့ဘူး ကိုယ်ကလေးအနားကိုပြန်လာခဲ့မယ် ကိုယ့်ကိုယုံကြည်မယ်မဟုတ်လား အခုကိုယ်လုပ်နေတဲ့ အရာတွေကကလေးငယ်ကိုဘာအန္တာရယ်မှမရှိပဲ နေနိုင်အောင်လို့ပါ တကယ်ကိုခဏလေးတင်ပဲ သည်းခံပေးပါ သိပ်မကြာတော့ဘူး
အဲ့ဒီမိန်းမရဲ့ယုတ်ညံ့မှုတွေကို ကိုယ်ခံစားပြီးပြီးဆိုတော်ပြီလေ ကိုယ်သိပ်ချစ်ရတဲ့ကလေးငယ်ကို လူသားမဆန်တဲ့ဖြစ်ရပ်တွေကို ကိုယ်နဲ့ထပ်တူမခံစားစေချင်ဘူး အခုတောင်ကလေးငယ်ပင်ပန်းခဲ့ရတာတွေက လုံလောက်ပါပြီ
ကိုယ်ကလေးငယ်အတွက်ပျော်ရွှင်တဲ့ကမ္ဘာလေးပဲဖန်တီးပေးချင်တယ် ကလေးငယ်သွားမဲ့လမ်းမှာနှောက်ယှက်မဲ့ဘယ်သူ့ကိုမဆို ကိုယ်ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ပေးမယ်
ကိုယ်ကလေးငယ်ကိုမတွေ့အောင်သေချာရှောင်ဖယ်နေခဲ့တဲ့ရက်တွေမှာ ကိုယ်သေချာသိခဲ့ရတာက ကိုယ့်ဘဝထဲမှာ ကလေးမရှိပဲမနေနိုင်တော့ဘူး ဆိုတာပဲ ကလေးကိုယ့်အနားမရှိတဲ့ အချိန်ကကိုယ့်အတွက်အဓိပ္ပါယ်မဲ့စေခဲ့တယ် ကိုယ့်ကမ္ဘာကအမှောင်ဖုံးနေသလိုပဲ အရောင်အသွေးမစုံလှဘူး
YOU ARE READING
AVERSION LOVE (Z And U )
Fanfictionလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...