"မဒမ် Byun သခင်လေးက သူ့ရဲ့ရှယ်ယာထဲက ၁၀ရာခိုင်နှုန်းကို လေလံတင်မယ်ပြောတယ် "
Byun Baekhyun ကရှယ်ယာ၁၀ရာခိုင်နှုန်းရောင်းတယ်တဲ့လား မဖြစ်နိုင်တာ သူဘာတွေကြံစည်နေတာလဲ ဘာလဲနောက်ထပ်ချထားတဲ့ ထောင်ချောက်ကြီးလား
"သေချာလား အဲ့ဒီကောင်စုတ်လေးက ဘာတွေကစားနေပြန်တာလဲ မသိဘူး "
"သေချာပါတယ် မဒမ်သူ့အတွင်းရေးမှူးကိုယ်တိုင် လေလံတင်မယ်ဆိုပြီးတင်ထားတာပါ"
"အွန်း ကောင်းပြီ အခြေအနေထက်ထူးခြားရင် လာတင်ပြအုန်း အခုတော့ထွက်သွားတော့ "
"ဟုတ်ကဲ့ပါ မဒမ် လိုအပ်တာရှိရင် ခေါ်လိုက်ပါ "
တီ..... တီ (ဖုန်းဝင်သံ)
"ဟယ်လို သူဌေးMin ဆွေးနွေးစရာရှိတယ် တွေ့ရအောင် "
(သူဌေးMinက SHINE ကုမ္ပဏီရဲ့ သူဌေးပါ )
"ရတယ်လေ ဘယ်မှာတွေ့ကြမလဲ ကိုယ်ကတော့ ညပိုင်းတွေအားတယ် "
ညပိုင်းပဲအားတယ်ပေါ့လေ ဟစ် ! ! မသိခက်သေးတယ် ဒီမြေခွေးဘိုးတော်ကြီးက ဘယ်လောက်မကောက်ကျစ်ဘူးကောက်ကျစ်တယ် လူကဖြင့်သေခံနီးနေပြီ အခုချိန်ထိပါးစပ်က အပုတ်နံ့ထွက်တုန်း
"ရတယ်လေ အဲ့ဒါဆိုဒီည တွေ့နေကျBar မှာပဲတွေ့ရအောင် သူဌေးMin "
"Baby သဘောပါကွာ "
ဖုန်းတစ်ဖက်အခြမ်းကနေပြီးတော့ ခနဲ့တာလိုလိုရွဲ့တာလိုလို ရယ်သံနဲ့ ဘယ်သံကိုဖိပြီးပြောတဲ့ပုံစံက ဖြစ်နိုင်ရင် ဖုန်းထဲကနေတောင် အသေရိုက်သတ်ချင်နေမိတယ်။ ကုမ္ပဏီလည်ပတ်ဖို့နဲ့ စက်ရုံပြဿနာကိုဖြေရှင်းဖို့အတွက် ငွေအရင်းစိုက်ပေးထားတဲ့သူမို့လို့သာသည်းခံနေရတာ မဟုတ်ရင် အစကတည်းကလက်စဖြောက်ပြီးပြီး ။ ဒီလောက်အခြေအနေတွေကြပ်တည်းနေပါတယ်ဆိုမှ ဟိုဘဝင်လေဟပ်နေတဲ့ ကောင်စုတ်ကလဲ ဘာတွေစိတ်ကူးပေါက်ကာ ရှယ်ယာတွေချပြီးလေလံတင်တယ်မသိ တစ်ယောက်ပြီးတစ်ယောက် မရိုးရအောင်တစ်မျိုးပြီးတစ်မျိုးစိတ်ရှုပ်ဖို့ကောင်းအောင် လုပ်နေကြတယ်
At the Bar
Bar တစ်ခုထဲဝင်လိုက်တာနဲ့ ခပ်ပြေပြေသံဇဉ်အနိမ့်နဲ့ဖွင့်ထားတဲ့ သီချင်းသံသဲ့သဲ့လေးရယ် သက်လတ်ပိုင်းအရွယ်တွေကအလုပ်ပြန်ရင်းတန်းဝင်ပုံရတယ် တစ်ချို့ဆိုဝန်ထမ်းကဒ်တွေက ဆွဲထားတုန်းပဲရှိသေးတယ်။ တစ်ချို့ကတော့ အထည်ကြီးမျိုးနွယ်က ပေါက်ဖွားလားတဲ့ လူငယ်တက်သစ်စလေးတွေ သူ့အဖွဲ့နဲ့သူ လွတ်လပ်မှုအရသာ ယစ်မူးမှုအရသာတွေ ခံစားနေကြတယ် ဒါပေမယ့်ပုံမှန် Bar တွေမှာမရှိတဲ့ ထူးခြားတာကတော့ သီးသန့်ခန်းကိုကြိုတင်ချိတ်ပြီး အလုပ်ကိစ္စတွေဆွေးနွေးတိုင်ပင်ဖို့အတွက် အသံလုံခန်းလေးတွေရော သပ်သပ်ရပ်ရပ်ဖန်တီးပေးထားတယ်

ESTÁS LEYENDO
AVERSION LOVE (Z And U )
Fanficလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...