အတိတ်နေ့စွဲ ၂ ep 47

621 65 25
                                    

အရင်တစ် ခါဖြစ်တဲ့ပြဿနာပြီးကတည်းက သခင်လေးနဲ့ ကောင်းကောင်းစကားမပြောတာတစ်ပတ်လောက်ရှိပြီ

ကျောင်းသွားရင်လဲ အရင်လိုကားနဲ့ခေါ်မသွားတော့ပဲ ဘာသာလာခိုင်းပြီး စာသင်ခန်းထဲမှာဆိုရင်လဲ အတူမထိုင်ခိုင်းပဲ ရှေ့ဆုံးတန်းကိုသွားထိုင်ခိုင်းတယ်

ဖြစ်သွားတဲ့ပြဿနာတွေထဲမှာ ကျွန်တော့ကိုအဲ့ဒီလိုလုပ်ဖို့တကယ်လိုအပ်လို့လား ပြီးတော့ကျွန်တော့ရဲ့အမှားကဘာတွေလဲဆိုတာ အခုချိန်ထိစဉ်းစားမရခဲ့

နောက်ပြီးကိုယ်ချစ်ရတဲ့လူသားတစ်ယောက်က ကိုယ့်ကိုအခုလိုပစ်ပစ်ခါခါ လုပ်ခံရတဲ့အရသာက နှလုံးအောင့်စေကာ

မဖြစ်မနေရှူသွင်းရတဲ့ လေတွေကိုလဲ နှလုံးသားကလက်မခံချင်တော့ဘူးနဲ့တူတယ် တစ်ခါတစ်ခါအခက်မသင့်ရင် အသက်ရှုကြပ်ပြီး ငိုချင်လာမိတဲ့အဖြစ်

အခုလဲထမင်းစားချိန်မှာ အရင်လိုသခင်လေးအနားမှာမနေရပဲ အဝေးကနေငေးကြည့်နေရတယ်

ငေးကြည့်နေရတယ်ဆိုတာတောင်ရိုးရိုးငေးကြည့်နေရတာမဟုတ်ဘူး တစ်ခါမှကျွန်တော် မမြင်ဖူးတဲ့ ကောင်မလေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးပြုံးပြုံးရွှင်ရွှင်ပြောနေတဲ့ သခင်လေးကြောင့် မလိုလားအပ်တဲ့ မျက်ရည်တွေက အသံတိတ် တစ်စက်ချင်းကျနေမိတယ်

သခင်လေးအနားမှာမရှိတဲ့ အချိန်တွေကြောင့် ကျွန်တော်လက်မခံချင်ပါပဲနဲ့ တစ်စတစ်စ နားလည်လာခဲ့တာ တစ်ချက်ရှိတယ် အဲ့တာကတော့ကျွန်တော့အနားမှာ သခင်လေးဆိုတဲ့ဖြစ်တည်မှုမရှိတဲ့အချိန်က ကျွန်တော့အတွက်အဓိပ္ပါယ်မရှိခဲ့တာပါပဲ

နောက်ထပ်ပိုသေချာတဲ့အချက်ကတော့ ကျွန်တော်သခင်လေးကို ကျွန်တော့အသက်ထက်ပိုပြီး ချစ်နေမိပြီ ခင်တွယ်နေမိပြီဆိုတာကိုမဖြစ်သင့်ဘူးဆိုတာသိတယ်

နောက်ပြီးသခင်လေးက ကျွန်တော်လက်လှမ်းမမှီတဲ့ ကျွန်တော်အမြဲငေးကြည့်ရမယ့် လမင်းတစ်စင်းဆိုတာလဲသိတယ်

သခင်လေးပြောသလိုပဲ မဆိုင်ရင်မဆိုင်သလိုနေဆိုတဲ့ စကားကိုကောင်းကောင်းကြီးနားလည်ပေမယ့် ကျွန်တော့နှလုံးသားက သခင်လေးအကြောင်းတွေ အကုန်သိချင်နေတော့ခက်သားပဲ

AVERSION LOVE (Z And U )Donde viven las historias. Descúbrelo ahora