အပြစ်မရှိဘူးနော် Ep 40

712 59 16
                                    

အခုမှီခိုနေရတဲ့ ရင်ခွင်နွေးနွေးကြီးကြောင့် ဘာမှမဆိုင်ပါပဲ ရင်တုန်လာပြီးအငြိမ်မနေတဲ့ နှလုံးသားကလဲ အမိန့်မပေးပါပဲနဲ့ အခုန်မြန်လာတယ်

ရိုးသားလှတဲ့နှလုံးသားကမလိမ်တက်ပဲ သခင်လေးကိုဘယ်လောက်ချစ်ကြောင်းသက်သေပြနေပေမယ့် ကျွန်တော်ရဲ့ရင်ခုန်သံတွေကို သခင်လေးကြားသွားမှာကြောက်နေမိတယ်

ဘာလို့လဲဆိုတော့ ကျွန်တော် သခင်လေးကိုချစ်နေတဲ့အကြောင်းတွေထုတ်ပြောမိရင် အခုလိုသဘောကောင်းစွာ ခိုနားခွင့်ပေးတဲ့ ရင်ခွင်ကျယ်ကြီး ကျွန်တော့အတွက်ပျာက်ကွယ်သွားမှာကြောက်တယ်ပြီးတော့ အိမ်လို့သတ်မှတ်လို့ရတဲ့ ကျွန်တော့ရဲ့ အသိုက်လဲ ပြိုပျတ်သွားမှာလဲကြောက်မိတယ်

အဲ့တာကြောင့်သခင်လေးပေးလာတဲ့မေတ္တာကို စိတ်ချစွာနဲ့ ကျွန်တော်လက်မခံရဲဘူး ပြီးတော့ ကျွန်တော့ရဲ့ လွဲမှားစွာပေါ်ပေါက်လာတဲ့ချစ်ခြင်းကိုလဲ ထုတ်မဖော်ပြရဲဘူး

အခုလိုလေးပဲဖြစ်ဖြစ်ရတယ် ကျွန်တော့အတွက်ကတော့အဆင်ပြေပါတယ် အဲ့တာကြောင့် ခဏလောက်ပဲဖြစ်ဖြစ်အသံပေါင်းစုံမြည်နေတဲ့ နှလုံးသားက ငြိမ်ငြိမ်မနေနိုင်ဘူးလားမသိဘူး
ဘာလို့လဲဆိုတော့ သခင်လေးကြားသွားမှာကြောက်မိလို့ပါ

စည်းချက်မှန်မှန်နဲ့ ကျောပေါ်မှာ ပွတ်သတ်ပေးနေတဲ့ သခင်လေးလက်တွေကြောင့် မျက်ခွံလွှာနှစ်ခုက ဖွင့်မရလောက်အောင်ပိတ်သွားကာ မဖိတ်ခေါ်ပါပဲနဲ့အိမ်မက်ကမ္ဘာထဲအလည်သွားမိတယ်

"သခင်လေး အိမ်တော်ပြန်ရောက်ပါပြီ "

"ရူး ! ! ! တိုးတိုးပြော ကလေးအိပ်ပျော်နေပြီ "

"ဟုတ်သခင်လေး "

အိမ်ပေါက်ရောက်တော့ဘေးကနေ ကားတံခါးကိုအလိုက်သင့်လေးလာဖွင့်ပေးတဲ့ အိမ်တော်ထိန်းကို ခေါင်းတစ်ချက်ငြိမ့်ပြကာ အသိအမှတ်ပြုလိုက်တယ်

ကိုယ်ခန္ဓာက ကလေးငယ်ကိုပွေချီထားရင်းကားကနေထွက်လိုက်တော့ ကိုယ့်ကိုဖက်ပြီးအိပ်ပျော်နေတဲ့ ကလေးငယ်က မျက်လုံးလေးဖွင့်ကြည့်လာပြီး သူမဟုတ်တဲ့အတိုင်းပြန် အိပ်ပျော်သွားတယ် တကယ့်ကိုအအိပ်မက်တဲ့ ကြောင်ဆိုးလေးပါကွာ

AVERSION LOVE (Z And U )Tempat cerita menjadi hidup. Temukan sekarang