ep 15

714 65 5
                                        

လေပြေတွေက မဖိတ်ခေါ်ပဲဝင်ထွက်သွားလာသလို သခင်လေးကိုချစ်တဲ့ အချစ်တွေက ကျွန်တော် အလည်မခေါ် အတင်းဝင်ရောက်နေတယ်

............................................................................

သခင်ကြီးပြန်သွားတော့ သူပြောခဲ့တဲ့အတိုင်း သခင်လေးရှိတဲ့ ဆေးရုံခန်းထဲပြန်ဝင်ပြီး သခင်လေးရဲ့အိပ်ပျော်နေတဲ့ မျက်နှာကို ကြည့်မိတယ်

ပြီးတော့ သခင်လေးခဏကပြောတဲ့စကားတွေ ပြန်ကြားယောင်ပြီး မျက်ရည်ကျမိတယ် ကျွန်တော်တောင်မှ မိဘတွေရှိစဉ်တုန်းက နှစ်တိုင်း အဖေရယ် အမေရယ် ကိုကြီးရယ် အတူတူမွေးနေ့လုပ်ဖြစ်သေးတယ်

နောက်နှစ်တွေကျ သခင်လေးမွေးနေ့ကို ဘာပဲဖြစ်နေဖြစ်နေ သခင်လေးနဲ့ အတူတူရှိပေးပါမယ် တောင်းပန်ပါတယ် အတူတူမရှိပေးမိတဲ့အတွက် တောင်းပန်ပါတယ် သခင်လေး မွေ့နေ့ကို သတိမရမိတဲ့ အတွက် တောင်းပန်ပါတယ်

အိပ်ပျော်နေတဲ့ သခင်လေးမျက်နှာက ခါတိုင်းလိုမှုန်ကုတ်မနေပဲ ကလေးတစ်ယောက်လိုပဲ ဖြူစင်လွန်းတယ်

မလုပ်သင့်ဘူးဆိုတာသိပေမယ့် မနေနိုင်လို့ သခင်လေးမျက်နှာအစိတ်အပိုင်းတစ်ခုစီကို လက်နဲ့လိုက်ထိနေမိတယ်

ဆက်ပြီးကြည့်နေဖို့ကလဲ အဆင်မပြေဘူးလေ သခင်ကြီးမှာသွားတာရှိသေးတယ်

သူမြင်သည်ဖြစ်စေ မမြင်စသည်ဖြစ်စေ အပစ်ခံယူရမှာ ကျွန်တော့တာဝန်လေ

ကျွန်တော်သာ သခင်လေးနဲ့အတူတူရှိခဲ့ရင် အခုဆေးရုံမှာရှိနေမယ့်သူက ကျွန်တော်ပဲဖြစ်မှာ

ကျွန်တော်သာရှိနေရင် ဘာပဲဖြစ်ဖြစ်သခင်လေး အန္တာရယ်မဖြစ်အောင် ကျွန်တော်တားမိမှာပဲလေ

ကိုယ်ချစ်နေမိတဲ့ သူတစ်ယောက်က ကိုယ့်ရဲ့သတိပေါ့ဆမှု ကြောင့် ဆေးရုံရောက်နေတာက တော်တော်လေး ခံစားရခက်တယ်

သခင်လေးရဲ့ အဖေအပစ်ပေးပေးမပေးပေးပဲ ကျွန်တော် အပစ်ခံယူမှာပဲ

ဘာလို့ဆို ကျွန်တောာအခုမှ နားလည်သွားတယ်
ကျွန်တော့မှာရှိတဲ့ သခင်လေးအပေါ် ဖြစ်နေတဲ့ မသေချာမရေရာတဲ့ ခံစားချက်က ကျွန်တော်သခင်လေးကို ရူးမတက်ချစ်နေမိပြီထင်တယ်

AVERSION LOVE (Z And U )Tempat cerita menjadi hidup. Temukan sekarang