Mine ep 31

729 56 10
                                    

အလိုမလိုက်ဘူးလို့ပြောလို့ အချစ်ကလေးတွေကို
အလိုလိုက်ပေးလိုက်တယ်နော် ကဲသိချင်တာရှင်းပြီးမော့လား

............................................................................

သူတို့ကျွန်တော့်ကို ပြောနေတဲ့ စကားတွေကြားပြီး ကိုယ့်ကိုကိုရွံလာတယ်

သူတို့ပြောသလိုသာဆို ကျွန်တော်ကအာ့လိုလူတကာရွံစရာကောင်းတဲ့လူမျိုးလား တာပေမယ့် ကျွန်တော့်မှာအာ့လိုယုတ်မာတဲ့စိတ်မျိုးတစ်စက်ကလေးမှမရှိခဲ့ဘူး ပြီးတော့ကျွန်တော်သခင်လေးကို တစ်စက်ကလေးမှ သူတို့ပြောသလိုမလုပ်ခဲ့ဘူး

ပြီးတော့ ကျွန်တော် မိဘမဲ့ဂေဟာကဆိုပေမယ့် ကျွန်တော့်ကို ဂေဟာမှူးကအာ့လိုမကောင်းတာလုပ်ဖို့မသင်ပေးခဲ့ဘူး

နောက်ထပ်ကျွန်တော့မိဘတွေရှိတုန်းကလဲကျွန်တော်ကို သူများပစ္စည်းဆို ကိုယ့်ပစ္စည်းမဟုတ်တဲ့ အတွက်အလကားမယူရဘူးဆိုပြီးသင်ပေးခဲ့တယ်

ကျွန်တော့်က စည်းမဲ့ကမ်မဲ့ အထိန်းအကွပ်မဲ့နေတဲ့ လူမျိုးမဟုတ်ဘူးဆိုတာ ကျွန်တော်ကိုယ်တိုင်သိတယ်

အီး! ! !ဟီး!!!

တာ..တာကို သူတို့က ဘာ...ဘာလို့ ကျွန်တော့်ကို အာ့လို့ထင်တာလဲ တွေးရင်းတွေးရင်းနဲ့ခေါင်းတွေပေါက်ကွဲထွက်မတက်တဒုန်းဒုန်းဖြစ်ကာ ဘယ်ဘက်ရင်အုန်ကလဲ စူးအောင့်လာပြီး တစ်ချက်ချက် အသက်ရှူမဝလို့ မျက်ရည်တွေ တစ်တောက်တောက်ကျဆင်းလာတယ်

တီဗီမှာလာနေတဲ့ အစီအစဉ်ကလဲစကားတက်လွန်းတဲ့ကလေးငယ်လေးတစ်ယောက်နဲ့ သူ့မိခင်ဖြစ်တဲ့မိဘနဲ့ အတိုင်အဖောက်ညီညီဂီမ်းဆော့နေတဲ့ မြင်ကွင်း တော်ပါတော့ဗျာ ကျွန်တော့်ကို ဒီလောက်ပဲ နှိပ်စက်ကြပါတော့ဗျာ ကျွန်တော်မခံစားနိုင်လို့သေတော့မယ်ဗျ

ကျွန်....ကျွန်တော် မေ့မေ့ကိုလွမ်းတယ်အာ့အချိန်ကတည်းက မေမေတို့နောက်တစ်ခါတည်း လိုက်ခဲ့ရင်ကျွန်တော် အခုလိုမခံစားရတော့ဘူးထင်တယ်

သူတို့တွေကျွန်တော့်ကိုပြောနေရင်းတန်းလန်း သူတို့အိပ်ဆောင်ကိုပြန်တော့မယ်ဆိုတာကြောင့် ကျွန်တော်ကြောက်လို့အိပ်ပျော်နေယောင်ဆောင်လိုက်ရတယ်

AVERSION LOVE (Z And U )Tahanan ng mga kuwento. Tumuklas ngayon