"ကလေး ရရဲ့လား ဒီမှာရေသောက်လိုက်ဦး "
"အဟွတ် ......အဟွတ် ဟုတ် သခင်လေး "
သခင်လေးက ကျွန်တော်ကို ချစ်တယ်တဲ့ ဟာမဖြစ်နိုင်တာကြီး ပြီး...ပြီးတော့ ကျွန်တော်တို့ကြားမှာအဆင့်အတန်းကွာခြားချက်ကနည်းတာမှမဟုတ်တာကို
"ကလေး ....ကလေး ကိုယ်ခေါ်နေတာကို ဘာတွေတွေးနေတာလဲ "
"ဗျာ ကျွန်တော်...တော်က .................."
"ကဲကဲ ကိုယ်ကလေးကိုဖွင့်ပြောပြီးပြီးဆိုတော့ ကျန်တဲ့အဖြေက ကိုယ်နဲ့မဆိုင်တော့ တစ်ခုပဲ ကလေးမှတ်ထားရမှာက ဒီနေ့ကစပြီး ကိုယ်နဲ့ ကလေးနဲ့ချစ်သူတွေဖြစ်သွားပြီဟုတ်ပြီလား"
ကျွန်တော်ပြောတာကို ပြီးအောင်တောင် နားမထောင်ပဲ သူပြောချင်တာတွေပဲပြောနေတဲ့ သခင်လေးကို ကြောင်ပြီးတော့သာ ကြည့်နေမိတယ်
"ကိုယ့်ကိုဘာလို့ အာ့လောက်တောင်စိုက်ကြည့်နေတာလဲ အရူးလေးရဲ့ ကလေးကအာ့လောက်ထိစိုက်ကြည့်တော့ ကိုယ့်နှလုံးသားတောင် အလုပ်တွေအသေရှုပ်နေပြီနော်ကလေး နည်းနည်းလောက်နားခိုင်းလိုက်ပါအုန်းကွာ ဟစ်..ဟစ် "
"ဗျာ ဟုတ် ဟုတ်ကဲ့ အယ် မဟုတ်... ဟာ သခင်လေးဘာတွေပြောနေတာလဲ "
အာ့ကလေးကရှက်နေတဲ့အချိန်ဆိုအသေချစ်ဖို့ကောင်းတာ အရင်ဆုံးနားတွေရဲတက်လာပြီး ပေါက်စီလိုဖောင်းအစ်နေတဲ့ ပါးဖောင်းဖောင်းလေတွေကလဲလက်နဲ့ ထိလိုက်ရင်ကို ကြွေကျတော့မတက် လှုပ်စိလှုပ်စိနဲ့ အူယားဖို့ကောင်းတယ် နောက်ပြီး တစ်ချက်စိုက်ကြည့်လိုက်ယုံနဲ့ ရေငတ်သလိုဖြစ်လာပြီး အမြဲကိုက်စားချင်လို့ပစ်မှားနေမိတဲ့ နှုတ်ခမ်းဖူးဖူးလေးကလဲ နီနီရဲရဲလေး ပြီးတော့ ငြိမ်ငြိမ်နေတဲ့ နှလုံးသားကိုအမြဲတမ်းအလုပ်ရှုတ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ မျက်စောင်းလေးတစ်ဝင့်ဝင့်လေးကလဲ နှလုံးသားကို စစ်တိုက်စေတယ် ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့ ကိုယ့်ကလေးပါကွာ
"ကလေးလဲမနက်စာစားပြီးပြီးဆိုတော့ အင်္ကျီသွားလဲချီ ကိုယ်ကားပေါ်ကနေစောင့်နေမယ်ကလေး သွက်သွက်တော့လုပ်ခဲ့နော် အချိန်မစောတော့ဘူး"

ESTÁS LEYENDO
AVERSION LOVE (Z And U )
Fanficလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...