အံ့သြတကြီးမော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံရယ် မှင်ရောင်သန်းနေတဲ့ မျက်ဆံသေးသေးလေးရယ်က သူ့မျက်လုံးထဲမှာရှိတဲ့စကားလုံးတွေကို လိုက်ဖမ်းနေသယောင်
မိနစ်ပိုင်းလောက် လှုပ်ရှားမှုတွေကငြိမ်သက်နေပြီး အချစ်တွေပြည့်နေတဲ့ မျက်ဝန်းတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်သူပိုချစ်လဲဆိုတာ အားပြိုင်နေသလို အခန်းထဲမှာ အချစ်ပါတဲ့ လေငွေ့တွေက နှစ်ယောက်လုံးကို လွှမ်းခြုံထားလေတယ်.....
နီနီရဲရဲနားသေးသေးလေးနှစ်စုံကို ကြည့်ခြင်းအားဖြင့် နှစ်ယောက်လုံး ရှက်နေပြီဆိုတာကတော့ ထုတ်မပြောပါပဲနဲ့ တစ်ယောက်နဲ့တစ်ယောက်တပ်အပ်သိနေစေတယ် ....
သာမန်လူတွေအတွဲလို မိန်းမနဲ့ယောကျာ်းဆိုတဲ့ အချစ်မျိုးမဟုတ်ပဲ ယောကျာ်းလေးနှစ်ယောက်ချစ်တဲ့အချစ်က ကြာရှည်စွာခိုင်မြဲပါ့မလား နောက်ပြီးတော့ အရာရာမှာချွင်းချက်မရှိပြီးပြည့်စုံနေတဲ့ သခင်လေးကလဲသူ့လိုလူမျိုးကို အချိန်အကြာကြီးစိတ်မကုန်ပဲချစ်နိုင်ပါ့မလားဆိုတာ မသေချာပေမယ့် ပထမဆုံးတွေ့ဆုံခဲ့တဲ့ အချိန်ကတည်းက ဖြစ်ပေါ်လာခဲ့တဲ့ထူးဆန်းတဲ့ ခံစားချက်က အခုအချိန်မှာ သခင်လေးကိုထိုအချိန်ကတည်းက ချစ်နေခဲ့တယ်ဆိုတာ အဖြေဖော်ထုတ်နိုင်ခဲ့ပြီ
အစကတော့ ကြောက်လန့်လို့ ရင်တုန်နေတယ်ဆိုပြီး အဖြေထုတ်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သခင်လေးဘေးနားရှိနေရရင်ကို ကျေနပ်နေခဲ့တယ်..... စိတ်ဆိုးလို့ပဲဖြစ်ဖြစ် စိတ်တိုနေလို့ပဲဖြစ်ဖြစ် ပြောင်းလဲသွားတဲ့ သခင်လေးမျက်နှာကို တစ်ဖက်ခြမ်းကပြောစရာမလိုအောင် ကြောက်လန့်နေပေမယ့် နောက်တစ်ဖက်ခြမ်းက ကလေးပေါက်စလေး လိုချင်တာမရလို့ အလိုမကျတဲ့မျက်နှာပုံစံလေးလိုမြင်ပြီး ကြောက်လန့်နေပေမယ့် အူယားလွန်းလို့ ခိုးပြုံးနေမိတာအခါအခါ....
မတွေ့ရတဲ့ရက်တွေများလာရင်ပဲဖြစ်ဖြစ် ရက်ပေါင်းများစွာ စကားမပြောပဲ မသိချင်ယောင်ဆောင်နေခဲ့ရင် ဓားတစ်ချောင်းနဲ့ နှလုံးသားကို အခါအခါခွဲနေသလို ခံစားရပြီး ဝမ်းနည်းစိတ်တွေကြီးစိုးနေပြန်တယ် ......
ŞİMDİ OKUDUĞUN
AVERSION LOVE (Z And U )
Hayran Kurguလောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင်တယ် အရင်ကအမှားတွေအတွက် ကိုယ်တောင်းပန်တယ်နော် .................................................................. လောကမှာမဖြစ်နိုင်တာမရှိဘူးကလေးကိုယ်မင်းကိုအရာအားလုံးနဲ့လဲပီးချစ်နိုင...