တံခါးတစ်ချက် Part 57

498 58 31
                                    

တိုက်ခန်းရဲ့စာကြည့်ခန်းထဲမှာတော့ Byun Baekhyun ဆိုတဲ့လူသားတစ်ယောက်ကတော့ သူ့ရဲ့လူယုံတော်ဂျေဝမ်းနဲ့အတူ ကွန်ပျုတာတစ်လုံးကနေပြီးတော့ စတော့ရှယ်ရာဈေးကွက်မှာ မျက်ရိုးကိုက်လောက်အောင်ကို အလုပ်များနေခဲ့ပါသည်။

"သူဌေးလေး သူဌေးကတော်တို့ဘက်က ကျွန်တော်တို့ချထားတဲ့ ငါးစာကိုလာဟက်ပါပြီ သူဌေးလေးစတင်လှုပ်ရှားတော့မလား"

ပင်ပန်းလွန်းလို့ မလှုပ်ရှားခြင်လောက်အောင် ပင်ပန်းနေပေမယ့် ပင်ပန်းရကြီုးနပ်ခဲ့တဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတဲ့ လူသားကတော့ သွားဖွေးဖွေးလေးတွေပေါ်လာအောင်ကို အပြုံးကြီးတစ်ခုက လှုပ်ရှားလာခဲ့ပါသည်။

ရက်ရှည်များစွာစိတ်ရှည်ပြီး စောင့်စားခဲ့ရတဲ့နေ့ရက်တစ်ရက်ကတော့ နောက်ဆုံးမှာ အကောင်အထည်ပေါ်လာခဲ့သည်။ ငယ်တုန်းကတော့ အမေအရင်းမှတ်ပြီး နှိပ်စက်ခဲ့သမျှတွေကို အမေဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကြောင့် အရာရာကိုသည်းခံခဲ့ပြီး ရက်ရက်စက်စက် ပစ်ပစ်ကာကာ နှိပ်စက်ခံခဲ့ရပေမယ့် မျက်စိမှိတ်ပြီး ချစ်ခဲ့သည်။

နောက်ဆုံးအရာအားလုံးကို သိတက်တဲ့အရွယ်ကြမှပဲ ကိုယ်ငယ်ရွယ်စဉ်တစ်ချိန်လုံးက မိခင်ဆိုပြီးချစ်ခင်နှစ်သက်ခဲ့တဲ့ သူက ကိုယ့်ရဲ့မိခင်အရင်းကိုမသေသေအောင် ထောင်ခြောက်ဆင်ကာ အသေသတ်ခဲ့တဲ့ သူဆိုတာ သိလာခဲ့ရတဲ့ အချိန်ကစပြီး ထိုသူမရဲ့ယုတ်ညံ့လှတဲ့ စိတ်ဓါတ်ကို တစ်နေ့တစ်ခြား သိသာထင်ရှားလှစွာ သိမြင်ခဲ့ရသည်။

ဘ၀မှာပထမဆုံးမြင်တွေ့ပြီး ချစ်ခင်ခဲ့ရတဲ့သူကို ပစ်ပစ်နှစ်နှစ်ယုံကြည်ခဲ့ကာ အချစ်ဆိုတဲ့အရာကို ပေးအပ်မိခဲ့တဲ့သူမက နောက်ကျောကိုဓါးနဲ့ မျက်တောင်မခတ်ပဲနဲ့ သစ္စာဖောက်ခံခဲ့ရတဲ့အတွက် လောကမှာ အချစ်ဆိုတဲ့အရာကို ကြောက်ရွံ့မိလောက်အောင်ကို ဖြစ်သွားခဲ့သည်။

အခုလည်းကုမ္ပဏီကို တစ်ယောက်ထဲအပိုင်စီးချင်နေတဲ့ ထိုသူမကို ပညာကောင်းကောင်းပေးနိုင်အောင် အချိန်တွေအများကြီး ကြိုတင်ပြင်ဆင်ခဲ့ရတယ်။ တစ်ကွက်ကလေးပဲမှားသွားရင်ပဲဖြစ်ဖြစ် နောက်ဆုံးခံရမဲ့သူက ဖခင်နဲ့သူကိုယ်တိုင်သာဖြစ်သည်။ ကျောင်းစာတစ်ဖက်နဲ့အလုပ်တွေအားလုံးကို မရရအောင်ကြိုးစားခဲ့သည့် အကြောင်းအရာကတော့ ဖခင်ရဲ့တစ်သက်လုံးကြိုးစားခဲ့ရတဲ့ လုပ်ငန်းတွေကို အပိုင်စီးရန်ကြံစည်နေသည့် သူမကြောင့်ပင်။

AVERSION LOVE (Z And U )Donde viven las historias. Descúbrelo ahora