အရှင်းဆုံးပြောရရင် ကိုယ့်ဘဝမှန်ကိုဖုံးကွယ်ပြီး ခက်နုမောင်လေးဆီကနေ ခက်နု၏ငယ်ဘဝ.. ရင်းနှီးသူတွေ. . .သူ့ကိုသတ်ဖို့ အဖြစ်နိုင်ဆုံးလူတွေ အားလုံးကို နှိုက်ထုတ်နိုင်ရမည်။ တိုက်ရိုက်တွေ့လိုက်တာထက်Under coverဆိုတာက အချက်အလက်အမှန်နဲ့ပိုနီးစပ်၏။ မင်းခက်ဥာဏ်က ခက်နု၏မတ် ဆိုတာသိသွားရင် ဒီကောင်လေး မင်းခက်ဥာဏ် ကို တစ်ခုခုဖုံးကွယ်ထားနိုင်သည်။ ပြောလို့မရ။ ခက်နုကိုသတ်တဲ့ထဲမှာ သူလည်းပါနိုင်သည်ပဲလေ။ ဒါကြောင့် ဒါက Plan A.
ရဲအရာရှိ Kenရဲ့ဖော်ပြချက် အနည်းငယ်အရ ခက်နုမောင်လေးဟာ ရဲစခန်းရှေ့မှာတွေ့လိုက်ရတဲ့ ကောင်လေးဆိုတာ မင်းခက်ဥာဏ် အနည်းနဲ့အများထင်ထားခဲ့သည်။ တွေ့ခဲ့ပြီးသားလူတွေမို့ အကယ်၍များ မင်းခက်ဥာဏ် ကို မှတ်မိနေခဲ့မည်ဆို ခက်နုရဲ့မိသားစုဝင်ပါဆိုပြီး ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီး တိုက်ရိုက်ဖွင့်မေးလိုက်ရုံသာရှိသည်။ သိပ်မသေချာတဲ့ကိစ္စမို့ ဖြစ်လာခဲ့မှ ရှေ့ဆက်လုပ်ဖို့တွေးတော့မည် ဟူသည့်အတွေးရှိသည်။ သေချာနေတာက Plan Aသာဖြစ်ပါ၏။ မင်းခက်ဥာဏ် မှန်းပြီဆိုလည်း လွဲခဲပါသည်။
ဒါပေမယ့် အခုခံစားချက်က. . .
တံတွေးကိုဂွပ်ခနဲမြိုချမိ၏။ လက်ထဲကနေ လျှောကျသွားတဲ့စာရွက်ကို သတိလက်လွတ် လွတ်ကျမသွားအောင် အဖျားလေးတွေကို ခပ်တင်းတင်းပြန်ဆုပ်ထားမိသည်။ မျက်လွှာတွေ နှစ်ချက်သုံးချက် ပုတ်ခတ်သွားသည်။
ဆ...ဆရာလား တကယ်ပဲ ဆရာလား။
အာမေဋိတ်သံဟာ အမြင်မှာကျယ်လောင်ကောင်း ကျယ်လောင်နေပေမယ့် စိတ်ထဲမှာ စက္ကူလေးနှစ်ရွက်ပွတ်တိုက်မိရုံလောက် ညှင်းညှင်းလေးသာ ရေရွတ်မိခြင်းသာ. . .
"အဲဒီတော့ မြန်မာတွေ မင်္ဂလာပါလို့နှုတ်ဆက်သလိုပေါ့ ထိုင်းလို "wai"လို့ခေါ်တယ် လက်အုပ်လေးချီ ခေါင်းလေးညွှတ်ပြီး နှုတ်ဆက်ရတယ် အိန္ဒိယနိုင်ငံ Anjali Mudraကနေဆင်းသက်လာတဲ့ယဥ်ကျေးမှု. . အိန္ဒိယရဲ့ နာမစတေးနဲ့လည်း သဘောတရားချင်းအတူတူပဲ"
မေးရိုးတွေ ခံစားမှုလွတ်မသွားအောင် မနည်းထိန်းလိုက်ရတော့သည်။ သူက ဆရာတဲ့။ဒါဆို ခက်နုမောင်လေးဆိုတာ မင်းခက်ဥာဏ် ထက်ကြီးတာပေါ့။ သူ သူ့ကိုယ်သူအစ်ကိုလို့သုံးနှုန်းသွားတာ အမှန်ပေါ့။