" ကျွန်တော် သူနဲ့မခွဲနိုင်တော့ရင် ဘယ်လိုဆက်လုပ်ကြရမလဲ..."
လင်းမြတ်ဟန်လေယူလေသိမ်းကိုတုပပြီး ပြောပြပေးနေသည့် Brightကို မင်းခက်ဥာဏ် ပေစောင်းစောင်းနဲ့ မျက်တောင်စင်းပြီးစိုက်ကြည့်လိုက်မိသည်။
".. ....အဲလိုပြောပြီး မှောက်သွားတာပါဆို"
" နဂိုတည်းကတိုက်သင့်လားမတိုက်သင့်လား မသိလို့လား။ သူက ကျွန်တော့်လိုမဟုတ်ဘူး။ အူအရိုင်းလေး"
" ကျွန်တော်တိုက်တာမဟုတ်ဘူး။ ကျွန်တော်ရောက်နေတဲ့နေရာကို ရုတ်တရတ်ကြီး မေးပြီး ရုတ်တရတ်ကြီး ရောက်ချလာပြီး ခွက်ကိုရုတ်တရတ်ကြီး ဆွဲယူပြီး သောက်သွားတာ"
" ထားလိုက်ပါတော့"
Barကောင်တာကျောက်ပြားကို လှလှကြီးမျက်နှာချင်းမိတ်ဆက်နေတဲ့သူ့ကိုဆွဲမပြီး ကျောပေါ်ထမ်းတင်လိုက်သည်။
" ဒါနဲ့ သူဘယ်တုန်းကထိုင်းကိုရောက်တာလဲ"
" ဒီမနက်ပဲ။ မပြောဘူးလား"
" မပြောပါဘူး"
မင်းခက်ဥာဏ်ရင်ထဲဘာကိုစိတ်သက်သာရာရသွားမှန်းမသိ။ သက်လျှံခကတရားခံဆိုတာ Brightသိစရာမလိုသေးဟု လက်ခံထား သည်။ လင်းမြတ်ဟန်ခေါင်းကို ပခုံးကနေကျော်ပြီးရှေ့ငိုက်နေအောင် သတိထားဆွဲတင်ပြီးမှ ဆွဲမလိုက်၏။ ယောကျာ်းတစ်ယောက်အလေးချိန်ဆိုပေမယ့် ထင်ထားသလောက်မလေးပါ။
"ဒါပေမဲ့.... Minn"
"ပြော"ဆိုတဲ့သဘောနဲ့ Brightကို လှည့်ကြည့်လိုက်သည်။
"အခုရွေးကောက်ပွဲရှိတာသိတယ်မလား"
"အင်း"
"အားလုံးကရွေးကောက်ပွဲကိုပဲအာရုံစိုက်နေကြလို့ ခက်နုဆုံးတဲ့ကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ကြပြီ။ အမှုကိုအဓိကလိုက်နေတဲ့စုံထောက်နှစ်ယောက် Boနဲ့ Kenအပါအဝင်ပဲ။ တကယ်လို့ မင်းတို့မိသားစုထဲကတစ်ယောက်ယောက်ကသာ ပြန်ပြီးအစမဖော်လိုက်ဘူးဆိုရင် အခု ဆူးရဲ့အမှုလိုပဲ ဘယ်သူမှတောင်သတိမထားလိုက်မိဘဲ ခက်နုရဲ့အမှုကပြီးသွားလိမ့်မယ်"
"ကျွန်တော် ဒါကိုသဘောပေါက်ထားပြီးသားပါ"
"မင်း...မင်းအဲ့လို တကယ်ဖြစ်သွားစေချင်လား"