Chapter 30

1.5K 167 67
                                    

" ခဏလေးစောင့်။ အစ်ကိုထွက်လာခဲ့မယ်" ဆိုတဲ့ Messageလေးကို မကြာခဏငုံ့ကြည့်နေမိတာကို နေညို သိလိမ့်မည်။ ဂနာမငြိမ်နဲ့ အောက်နှုတ်ခမ်းကို သွားနဲ့ခပ်ဆဆကိုက်နေမိတာကိုလည်းသိလိမ့်မည်။ ကျောင်းဝင်ပေါက်ကို လည်ပင်းရှည်ထွက်လာတော့မတတ် လှမ်းလှမ်းကြည့်နေမိတာကလည်း ထိန်းမရ။

" လာပြီထင်...."

နေညိုအသိပေးလို့မဆုံးသေးခင်မှာပဲ မင်းခက်ဥာဏ် ကားပေါ်ကဆင်းသွားပြီဖြစ်သည်။

" အစ်ကို!"

ဟိုဘက်ဒီဘက်ကြည့်ပြီး မင်းခက်ဥာဏ်ကားကိုရှာနေသည့် လင်းမြတ်ဟန်ဆီ မင်းခက်ဥာဏ် အားကုန်ပြေးသွားပြီး သူ့တစ်ကိုယ်လုံးအသံလာရာဘက် လှည့်မလာနိုင်သေးခင် သူ့ကို ရင်ခွင်ထဲမြုပ်သွားအောင် ဆွဲဖက်ပြီးသား...။

" ဘာလို့လဲ..."

လူရှင်းနေတဲ့ကျောင်းပိတ်ရက်ဆိုပေမယ့်လည်း ကျောင်းရှေ့မှာပဲမို့ လင်းမြတ်ဟန် တစ်ချက် တုန်ခနဲ ဖြစ်သွား၏။
အခုလေးတင်ကျောင်းအထိလိုက်ပို့သွားပြီး ချက်ချင်းပဲ " ခဏထွက်လာခဲ့။ တွေ့ချင်လို့" ဆိုပြီး Messageပို့လာတဲ့ ဥာဏ်အတွက် အူကြောင်ကြောင်နဲ့ ကျောင်းအပြင် ပြန်ထွက်လာခဲ့တာ။

" အစ်ကို..."

" အင်း"

နာမည်ကိုအလကားရတိုင်းခေါ်နေတတ်တာပဲလား။ ဘာမှလည်းဆက်မပြောပါဘဲ လင်းမြတ်ဟန်တစ်ကိုယ်လုံးပျောက်သွားတော့မတတ် အတင်းတွေဆွဲဖက်ထားရုံသာ။ မတတ်သာ...လင်းမြတ်ဟန် စိတ်တွေလျှော့ချလိုက်ပြီး သူ့ပခုံးနားကရနေကျ ရနံ့တစ်မျိုးကိုသာ အာရုံစိုက်လိုက်မိသည်။

" ဘာဖြစ်လို့လဲ အစ်ကို့ကိုပြောပါဦး"

အသက်ရှိုက်သံတိုးတိုးလေးထွက်လာသည်။ သူ့အင်္ကျီစတွေက အေးစက်နေပေမယ့် ခန္ဓာကိုယ်ကနေဖောက်ထွက်လာတဲ့ အနွေးဓာတ်က လင်းမြတ်ဟန်ဆီကို ကူးစက်လာသည်။ လင်းမြတ်ဟန်တို့ရပ်နေရာနေရာဘေးက ပုဏ္ဏရိတ်ပင်တန်းလေးက ပန်းပွင့်လေးတွေကို ကြည့်နေပေမယ့် မမြင်။ လမ်းမပေါ်မှာ ကားတွေတစ်စီးပြီးတစ်စီး အရှိန်အဟုန်ပြင်းပြင်းနဲ့ဖြတ်နေကြသည်။

မြဲ ( Everlasting )Where stories live. Discover now