Chapter 16

1.3K 193 50
                                    

မင်းခက်ဉာဏ် ကျော်မြင့်ဆိုသူ၏ အိမ်ရှေ့ကိုစရောက်တဲ့အချိန်တုန်းကတော့ လူသံတွေနဲ့ဆူညံနေခဲ့သေးသည်။ ညကိုးနာရီကျော်လာတာနဲ့ တဖြည်းဖြည်းငြိမ်ကျလာတဲ့ အလုပ်သမားတန်းလျားက ကိုးခွဲနောက်ပိုင်းမှာတော့ တခြားကမ္ဘာတစ်ခုလို တိတ်ဆိတ်သွားခဲ့ပြီ။ ခန္ဓာကိုယ်ကိုယ်သုံးပြီးဝမ်းစာရှာရတဲ့လူတွေနေရာမို့ ညဆိုအရက်သောက်ရင်သောက် မသောက်ရင်အိပ်မှသာနောက်နေ့မနက်အလုပ်ဆင်းနိုင်ကြမည်မလား။ သူတို့အနားယူရာနေရာရဲ့ မနီးမဝေးမှာ ဆောက်လက်စတိုက်တစ်လုံးရှိပြီး အဲ့ဒီတိုက်ဆောက်လို့မပြီးမချင်း ကျော်မြင့်က ဒီလိပ်စာမှာပဲရှိနေမှာမို့လို့ ရှာရတာတော့သိပ်မခက်လိုက်။ မင်းခက်ဉာဏ်သိရဖို့က ဒီလူ့ကိုခက်နုကဘာလို့သိန်းတစ်ရာ့ငါးဆယ်လွှဲပြီး ဒီလူကရော ဘာလို့ အများသူငါလိုအနားယူအိပ်စက်နေမည့်အချိန်တွေမှာ အပြင်ထွက်ရတာလဲဆိုတာသာဖြစ်သည်။ 

" ဒါလေးတောင်းပန်ရမှာကို မင်းအတွက် ခက်ခဲနေလား မင်းခက်။ ဟမ်။ ခလေးကို ငါလင်းမြတ်ဟန်ကိုကြိုက်နေတာမဟုတ်ဘူး။ လင်းမြတ်ဟန်က ခက်နုရဲ့မောင်မို့လို့ အကြောင်းရှိလို့ကပ်နေတယ်ဆိုတာလေးပဲ ပြောပြရမှာ အဲလောက်တောင်ခက်လား"

ရုတ်တရတ်ခေါင်းထဲပြန်တိုးဝင်လာတဲ့စကားကြောင့် တောက်တစ်ချက်ခေါက်လိုက်ပြီး ကားခေါင်းနောက်မှီနဲ့ ခေါင်းကိုနှစ်ချက်သုံးချက်ဆင့် ဆောင့်ပစ်လိုက်ပြီး စိတ်ရှုပ်ထွေးမှုကိုဖြေဖျောက်လိုက်မိသည်။ ဒါပေမဲ့ ခေါင်းထဲက ဘယ်အတွေးကမှ ထွက်မသွား။ ဒီတိုင်းဆိုမဖြစ်တော့။ ကျော်မြင့်ဆိုသူကို ကားထဲကမစောင့်တော့ဘဲ အပြင်ထွက်လေကောင်းလေသန့်လေးရှူရင်းနဲ့ စောင့်တာပေါ့ဆိုတဲ့အတွေးနဲ့ အပြင်ထွက်မလို့ပြင်လိုက်တုန်း ကားနောက်ခန်းတံခါးက ဖျတ်ခနဲပွင့်သွားပြီး လူတစ်ယောက်ဝင်ထိုင်လိုက်တာကြောင့် လှည့်ကြည့်လိုက်တော့....

"ဟင်"

"ဟင်"

"ခင်ဗျားက ဘာလို့ဒီရောက်လာတာလဲ။ Bright"

"ငါကြည့်ကြည့်နေတာကြာပြီ။ မင်းငါ့နာမည်ခေါ်ရင် P'လေးဘာလေးထည့်မခေါ်နိုင်ဘူးလား"

မြဲ ( Everlasting )حيث تعيش القصص. اكتشف الآن