"How can I get attention. .."
အဲလိုရိုက်လိုက်ရုံသာရှိသေး။ ထိပ်ဆုံးတန်းကပေါ်လာတာက ' How can I get attention from my crush" ဖြစ်သည်။
မင်းခက်ဥာဏ်မှာ crushမှ မရှိတာ။ ဒါဆို လိုချင်နေတဲ့ attentionက လင်းမြတ်ဟန်ဆီကမို့ လင်းမြတ်ဟန်ကရော မင်းခက်ဥာဏ် ဘာလဲ။
မထူးဇာတ်ခင်းကာ How can I get attention from my crush ထဲကိုပဲ ဝင်ချလိုက်တော့သည်။ သဘောထားချင်းက သိပ်ကွာတာမဟုတ်။ လင်းမြတ်ဟန်က မင်းခက်ဥာဏ်လက်ထဲ ဘယ်လိုပဲဖြစ်ဖြစ် ရောက်လာဖို့လိုသည်ပဲလေ။
" အကြည့်ကြာကြာဆုံကြည့်ပါ။ သူ သို့မဟုတ် သူမရဲ့ စိတ်ဝင်စားတတ်တဲ့အရာလေးတွေကို လေ့လာပြီး ခဏခဏပြောပေးပါ။ သူ့ဘေးမှာ ယုံကြည်မှုရှိရှိနေပါ။ သင်တတ်နိုင်သလောက် သူ့ကိုမကြာခဏ ချီးကျူးစကားဆိုပေးပါ"
ဘုရားသခင်. . တကယ်ကြီး? အဲတာမျိုးတွေကို ရူးနေတဲ့လူတွေပဲ လုပ်မယ်။
စာတွေကနေတစ်ဆင့် crushရဲ့ attentionကို ဘယ်ကိုရယူမလဲဆိုတဲ့ မေးခွန်းအောက်မှာတော့ " မင်းရဲ့crush နေမကောင်းတဲ့အခါ နေကောင်းသွားပြီလားဆိုတဲ့ မေးခွန်းကို မကြာခဏမေးပေးပါ"
ကျော်လိုက်တော့. . .ဒါကလည်း မဖြစ်နိုင်တာကြီး။
" 3 day ruleဆိုတာဘာလဲ"
3ရက်? 3ရက်တည်းနဲ့ attentionရမှာလား?
စိတ်ဝင်စားစွာ ကွန်ပျူတာထဲ ခေါင်းစိုက်သွားတဲ့ မင်းခက်ဥာဏ် . . .
"မိန်းမတစ်ယောက်ကို ပိုးပန်းရာတွင် အလားအလာရှိသူတစ်ယောက်ဖြစ်စေရန် သုံးရက်ပြည့်ပြည့်စောင့်. . "
ချီးပဲ! ဘယ်သူကမိန်းမလဲ. . .တည်ကြည်ပြီးထက်မြက်နေတဲ့အကြည့်တွေ. . .လင်းမြတ်ဟန်သာ မိန်းမဆို တစ်လောကလုံးက ယောကျာ်းတွေ. . .
"တော်ပြီ. . ကျစ်!"
သက်ပြင်းပူကြီးကို လေးလေးပင်ပင်မှုတ်ထုတ်လိုက်မိတော့သည်။ ကျန်တဲ့ How can I get attention တွေအကုန်လုံးကလည်း အမျိုးသား အမျိုးသမီး ကိစ္စတွေချည်း။ ခက်တယ်။ မင်းခက်ဥာဏ်ဘဝမှာ ဘယ်အရာကမှ ဒီလောက်မခက်ခဲခဲ့ဘဲနဲ့ လူတစ်ယောက်ကို ချဥ်းကပ်ဖို့လေးကတင် ဒီလောက်ခက်နေတယ်။