မီးရောင်များကြားတွင်လှုပ်ခါကနေသောကောင်မလေးများကို လင်း တစ်ယောက်မျက်စိအစာကြွေးလို့နေတယ် ဘေးက မေစင်ယော်ကတော့ ငုတ်တုတ်ငိုင်လျှက် စိတ်ပင်ပန်းလို့အိပ်မယ်ကြံတုန်း အိမ်ရှေ့ကနေ ကလပ် သွားမယ်ဟု အတင်းလာခေါ်သော လင်း ကြောင့် ည ၉ နာရီ ကြီး ကလပ်သို့ရောက်လာခြင်းပင်ဖြစ်သည် ကလပ်က လည်း လင်း အဖေ ပိုင်သော အရာထဲက တခုဖြစ်သည် လင်းကကနေသောကောင်မလေးများကိုကြည့်နေရင်းရုတ်တရပ်...
ဟမ်...(လင်းထံမှတအံတသြထွက်လာသောအသံဖြစ်သည်)
စင်ယော်လဲဘာမှန်းမသိတာနဲ့လင်းကြည့်နေတဲ့ဘက်ကိုလိုက်ကြည့်လိုက်တော့ကောင်မလေးလှလှလေးတစ်ယောက် ကောင်လေးရဲ့ပုခုံးကိုကိုင်ကာခါးကိုလှုပ်ရမ်းကနေသည် ဂါဝန်ကိုယ်ကြပ်လေးကသူမကောက်ကြောင်းအလှကိုပိုထင်ပေါ်နေစေသည်ပြီးမှလင်းမျက်နာကြည့်လိုက်တော့ သဘောမတွေ့သလိုအလိုမကျသလိုအရိပ်အရောင်များတွေ့လိုက်လို့စင်ယော်မေးလိုက်သည်..လင်း..ဘာဖြစ်လို့လဲ
စင်ယော်လင်းပုခုံးကိုကိုင်မေးတော့လင်းကငါပြောတာအဲ့တစ်ယောက်လေ..ငါနဲ့uniမှာဝင်တိုက်မိတဲ့တစ်ယောက်ပေါ့..
ဟုဆိုကာလင်းဝိုင်တစ်ငုံမော့ကာပြောသည်သြော်သူလားဘေးကသူ့ကောင်လေးနဲ့တူတယ်..
စင်ယော်ပြောလိုက်တော့လင်းက ဘာမှမတုံ့ပြန် ဝိုင်ကိုသာနောက်တစ်ငုံထပ်ငုံလိုက်သည်..စင်ယော်လဲလင်းစိတ်အနှောင့်အယှက်ဖြစ်မှာဆိုးတာကြောင့်ငြိမ်နေလိုက်တယ်..ထို့နောက်လင်းက ထ ကာစင်ယော်..ငါတို့ကကြမလား...
စင်ယော်လည်းလက်ခံလိုက်ကာနှစ်ယောက်လုံးလူတွေကြားထဲတိုးဝေ့သွားကာသံစဉ်တွေနဲ့စည်းချက်ညီညီကလိုက်သည်ကရင်း လင်း နောက်ကတစ်ယောက်နဲ့လင်း ဝင်တိုက်မိသွားသည် လင်းကလှည့်ကြည့်လိုက်တော့...
ဘယ်သူများလည်းလို့..မနက်ကတို့နဲ့ဝင်တိုက်မိတဲ့တယောက်ကိုး..အခုလဲဝင်တိုက်မိပြန်ပြီ
နောက်တစ်ခေါက်ထပ်ပြီးလင်းတောင်းပန်ပါတယ်..မမြင်လိုက်လို့ပါ..
ထို့နောက် လင်းက ထိုမိန်းမလှလှလေးကိုမိတ်ဆက်တော့ထိုမိန်းမလှလေးနဲ့သူတို့စားပွဲတူတူထိုင်လိုက်သည်..
တို့ကမင်းတို့ထပ်ကြီးမယ်ထင်တယ်..တို့ နာမည်က မုသားဖြူ လို့ခေါ်တယ်..Che second yr
အော်..လင်းတို့ထပ်တစ်နှစ်ကြီးတာပေါ့..လင်းနဲ့စင်ယော်က first yr ပါ ဒီက လင်းရဲ့ငယ်ပေါင်း မေစင်ယော်လို့ခေါ်တယ် လင်းက မေလင်းခက်စစ် လင်းလို့ခေါ်လဲရတယ်...
တို့ကသူများတွေခေါ်နေကြနာမည်ကြီးမခေါ်ချင်ပါဘူး..တို့မင်းကို...စစ် လို့ ခေါ်မယ်..
မေစင်ယော်သူတို့၂ယောက်စကားပြောတာကိုဘာမှဝင်မပြောဘဲငြိမ်ပြီးအကဲခတ်နေလိုက်သည်ထိုမိန်းမသည်ခုနကကောင်လေးတစ်ယောက်နှင့်တွဲကနေသည်ကိုလင်းရောစင်ယော်ရောတွေ့သည်အခု သူနဲ့တွဲကတဲ့ကောင်လေးမရှိတော့နာမည်ကမုသားဖြူတဲ့အချစ်အကြောင်းနောကျေနေပုံရသည်အချစ်ဆရာမကြီးပုံစံနဲ့ မို့လို့ လင်းက ထိုမိန်းမကိုစိတ်ဝင်စားနေလ်ို့ စင်ယော်သိပ်တော့ စိတ်မချလှပါ..လင်းကို ကစားသွားမှာကိုစိုးရိမ်သည်..ထို့်နောက်မုသားဖြူဆိုတဲ့ထိုမိန်းမကနာရီတချက်ကြည့်ကာ..
၁၀နာရီတောင်ကျော်ပါရောလား..ကဲ တို့သွားတော့မယ်..မင်းတို့လည်းညနက်တဲ့အထိမနေသင့်ဘူး
ဟုဆိုကာနှုတ်ဆက်သွားသည်စင်ယော်ဘေးကလင်းကတော့ပြုံးဖြီးလျှက်
လင်း..ငါတို့လဲပြန်သင့်ပြီ..မနက်စောစောထရဦးမှာ
ဟုတ်သားဘဲ ပြန်ရအောင်စင်ယော်ငါတော့ဒီညအိပ်မက်တွေလှပြီနဲ့တူပါတယ်..
ပျော်ပါလင်းရယ်...နင်စိတ်ပျော်ရင်လေ..ငါလည်းတကယ်ကိုပျော်ပါတယ်..စင်ယော်စိတ်ထဲကပြောလိုက်သည်
ထိုသည်နှင့်အိမ်ပြန်ရောက်တော့ ၁၁နာရီထိုးခါနီး..လင်းကတော့ပျော်နေရှာမှာဘဲစင်ယော်ကတော့လင်းအတွက်ရင်ပူကာတော်တော်နဲ့အိပ်မရခဲ့ပါ....
T b c...............(စာလုံးပေါင်းမှားရင်ခွင့်လွှတ်ပါပြန်မစစ်မိလ်ို့ပါ)
![](https://img.wattpad.com/cover/229112711-288-k37757.jpg)