မုသားဖြူ တကိုယ်လုံး ဖိန်းတိန်းရှိန်းတိန်း ဖြစ်လာကာ ချွေးများထွက်လာသည်။ သူမနား သို့် ကပ်
ထိုင်ရန်ကြိုးစားနေသော ဝေယံကြောင့် လမ်းပျောက်
နေမိ..ချက်ချင်း ခုံမှ ထလိုက်ကာ ရှိသမျှအားလေး နဲ့
ဆိုင်ထဲကပြေးထွက်ခဲ့သည်။ သူမ သိလိုက်သည်။
ဝေယံ သူမကို တခုခု လုပ်ထားသည်။ အကြောင်းမရှိ
ဘဲ ဒီလိုဖြစ်လာစရာမရှိ သူမပြေးထွက်တော့ ဝေယံ
လည်းနောက်မှလိုက်လာသည် ကံကောင်းသည်ကားသူမကို မမှီလိုက် အဘယ့်ကြောင့်ဆိုသော်.."ဟာ..အကို..အကို ပိုက်ဆံမရှင်းရသေးဘူးလေ..
ဟေး.."ဟုဆိုကာစားပွဲထိုးကောင်လေးက ဝေယံ င်္အကျီအား
နောက်ကလှမ်းဆွဲထားသောကြောင့်ဖြစ်သည်။
သူမလည်းကားပေါ်အမြန်တတ်လိုက်ပြီး ရှိသမျှအား
နှင့် ကားကို မေလင်းခတ်စစ် ဆီသာ မောင်းထွက်ခဲ့
သည်။ မေလင်းခတ်စစ် ရှိသော ရုံးသို့ ကံကောင်းစွာ
ရောက်ရှိသွားခဲ့သည် တလမ်းလုံးကားက ယိမ်းထိုး
လို့..နောက်ကား က အော်ဆဲသည်တောင်ခံခဲ့ရသေး
သည်။ရုံးခန်းရှေ့ရောက်သောအခါ အသက်ကိုဝဝ
ရှူထုတ်ကာ စိတ်ကို ထိန်းလိုက်ရင်း လင်း ရဲ့ ရုံးခန်း
တံခါးကို ခေါက်လိုက်သည်။အချိန်အားဖြင့်ကြည့်
လိုက်တော့ ၈ နာရီ ထိုးနေလေပြီ.."ဒေါက်ဒေါက်.."
"ဝင်ခဲ့ပါ.."
သူမ လင်း ရဲ့ အသံကြားတာနဲ့တံခါးကိုဆွဲဖွင့်လိုက်
သည်။ အထဲက လင်းက သူမအား လှမ်းကြည့်ကာ.."မ နောက်ကျတယ်နော်..ရိုက်ကူးရေးရှိလို့လား.."
"မရှိ..မရှိပါဘူး.."
သူမ စကားများထစ်ကာတံခါးကိုပြန်ပိတ်လိုက်သည်။
လင်းက ထပ် င်္အကျီအနက်ကို ချွတ်ထားပြီး င်္အကျီ
အဖြူလက်ရှည်ကို လက်ခေါက်ဝတ်ကာ ဒူးထိမရောက်တရောက်ရှိသောစကက်အနက်နဲ့စမတ်
ကျနေသည် ။ထို့နောက် သူမ ဆီ လှမ်းလာကာ
လက်ကို ဆွဲ၍ ဆိုဖာတွင် အတူထိုင်စေသည်။ထို့
နောက် ချွေးတွေပျံလွန်းနေတဲ့သူမကိုကြည့်ကာ.."နေရောကောင်းရဲ့လား..မ "
"ကောင်း..ကောင်းပါတယ် ကလေးရဲ့.."