မုသားဖြူ စိတ်ပင်ပန်းလွန်းတာကြောင့် အိပ်ယာပေါ်
ပစ်လှဲချပလိုက်သည်..လွန်ခဲ့သော ၂နှစ် ခန့်က
မေလင်းခတ်စစ် ဟာ သူမ မေမေရဲ့ သမီးအရင်းမဟုတ်ကြောင်း သိရှိ ခဲ့ ရ၍ မေလင်းခတ်စစ် ကို သူမ
ဘာကြောင့် လမ်းခွဲ ခဲ့သလဲ ရှင်းပြရန် လင်း ကို
လိုက်ရှာပေမဲ့ မတွေ့ခဲ့..မတွေ့ခဲ့တာဆိုတာထပ်ရှင်းပြ
ဖို့အခွင့်အရေးမရခဲ့သည်ဆိုလျှင်ပိုမှန်လိမ့်မည်။
သူမ လင်း ရဲ့ ph no ကို သိပေမယ့် မဆက်သွယ်မိ
လင်း ဘက် က သူမကို ပြောလာမယ့်စကားတွေကို
သူမခံနိုင်ရည်မရှိမှာကို ကြောက်နေမိသည်။တဖက်
တွင်လည်း ဝေယံကသူမကို ချစ်ရေး ဆိုကာမျှော်လင့်
တကြီးစောင့်မျော်နေလေရဲ့သူမ ဒီအကြောင်းတွေ
တွေးမိလေတိုင်း လွန်စွာ စိတ်ပင်ပန်းမိသည်။"ဘာဘဲ ဖြစ်ဖြစ် တခါလောက် ကြိုးစားကြည့်
ရင်ကောင်းမလား.."သူမရေရွတ်ကာ ph no တွင် မှတ်ထားသော
ကလေး ဟူသော nameလေး..သူမ မရဲတရဲ
နှင့် ph ခေါ်လိုက်မိသည်။"တူ...တူ...တူ........"(phခေါ်သံ)
"Hello "
တဖက်ကသူမ ကလေး ရဲ့ ပြန်ထူးသံကိုကြား
လိုက်ရသည် သူမလည်းဘာပြန်ပြောရမှန်းမသိ
စွာphကို သာ ကိုင်ထားဆဲတဖက်ကနောက်တခါ
ထပ်ထူးလာသည်။"Hello ph ခေါ်ပြီးရင်ပြောရတယ်ရှင့်.."
သူမလည်း မထူးတော့ပါဘူးဆိုကာပြန်ပြောလိုက်သည်။
"တို့ပါ..မုသားဖြူ ..."
သူမ အသံကိုကြားတာနဲ့ တဖက်ကအတန်ကြာ
တိတ်ဆိတ်သွားပြီးမှ.."ဘာကိစ္စ ရှိလို့ပါလဲ ရှင့် "
သူမရဲ့ ကလေးက ပြန်ပြောလာတော့ သူမလည်း
"တို့..တို့ မင်း နဲ့ တွေ့ချင်လို့.."
"တွေ့စရာ အကြောင်းရှိလို့လား အမ မုသားဖြူ "
သူမ ကို အမြဲ "မ" ဟုခေါ်သောကလေးက အခု
တော့စိမ်းကားစွာပင် သူမ ကို အမ မုသားဖြူ တဲ့
လေ..သူမ လည်း သက်ပြင်းလေးခိုးချရင်း.."တို့မှာ..ကလေးကိုရှင်းပြစရာရှိလို့.."
သူမထိုသို့ပြောလိုက်တော့တဖက်က မေလင်းခတ်စစ် က..
"အဟက်..ကလေးတဲ့ ၅နှစ် တောင်ရှိပြီလေ အမရဲ့
ဘာတွေရှင်းပြချင်သေးတာလည်း..""ဟို...တို့က.."
"သတ်ခဲ့တဲ့လူသေမသေပြန်လာကြည့်တာလား"
သူမ လင်း ရဲ့ပြောစကားကြောင့်ဘာပြောရမှန်းမသိ
ဖြစ်ကာ..မျက်ရည် ဝဲရင် အသံကိုထိန်းကာ"တို့ပြောချင်တာက တို့မင်းကို...တို့မင်းကိုအကြောင်း
မဲ့ သပ်သပ်လမ်းခွဲခဲ့တာမဟုတ်ဘူး တို့ကအဲ့
အကြောင်းကို မင်းကိုသိစေချင်တာ.."သူမရဲ့အဖျားခတ်သွားသောအသံကြောင့် လင်း က
ရိပ်မိသည် ထင်ပါရဲ့ စကားကိုခုနကလို မမာထန်
တော့ဘဲ.."ကောင်းပြီလေ..မနက်ဖြန် ည ၇နာရီလောက်
ဆိုကျွန်မ အားပြီ ရှင်တွေ့ချင်ရင် ကျွန်မ ရုံးခန်း
ထဲ လာလို့ရပါတယ်.."အမြဲလင်း လို့သူ့ကိုယ်သူသုံးနှုန်းတတ်တဲ့ကလေးက
ကျွန်မ တဲ့ ရင့်ကျပ်သွားလိုက်တာ..."ဒါဆို တို့ လာခဲ့ ပါ့မယ်..."
"ဟုတ်ကဲ့..ဒါဆို ကျွန်မ phချလိုက်တော့မယ်
အလုပ်လက်စသတ်စရာတွေကျန်နေလို့.."ဟုဆိုကာph ချသွားတော့သည် သူမလည်းဘာမှ
တွေးမနေ တော့ဘဲအိပ်လိုက်တော့သည်။မနက်မိုးလင်းတော့ ဒီနေ့ ကလေး နဲ့ တွေ့ရမယ်
ဆိုတဲ့အတွေးက ကျွန်မ ကိုပျော်ရွှင်စေပြန်တယ်
ကျွန်မ မန်နေဂျာကို ည၆နာရီနောက်ပိုင်းအချိန်
တွေအကုန်ရှင်းခိုင်းထားလိုက်တယ် ဒီနေ့အကုန်
မနက်ပိုင်း ရူတင်တွေကြီးဘဲဖြစ်တာကြောင့်ရေချိုး
မနက်စာ စားပြီးတာ နဲ့ မိတ်ကပ်ပြင်ခန်းထဲပြေးရ
တော့တယ်..အမြဲ ရူတင်မှာ ခပ်တီတီနေတတ်
တဲ့ကျွန်မ က ပြုံးနေတော့ဝေယံတောင်ကျွန်မကို
မေးလာတယ်"ငါ့ နတ်သမီးလေး ဒီနေ့ ဆေးစားမှားလာသလား"
"ဘာလို့လဲ ယံ.."
"အဟမ်း..ပြုံးနေလိုက်တာများတခုခုကိုစိတ်ကျေနပ်
နေသလိုနဲ့..""ဒီလိုပါဘဲ...ဖြူကကိုယ့်စိတ်ကိုပျော်အောင်ထားနေတာ"
ဟု မုသားဖြူ ဝေယံကိုညာပြောလိုက်သည်..
Time skip..........
မုသားဖြူ လည်း ရိုက်ကွင်းတွေ ပြီးတာနဲ့ အိမ်ကိုရောက်တော့ ၆နာရီခွဲ သူမလည်း အနက်ရောင်
ခေါင်းစွပ်င်္အကျီနဲ့ ဂျင်းနက်ပြာ ကို တွဲ ဝတ်လိုက်ပြီး
ခေါင်းစွပ် စွပ်ကာ ကိုယ်တိုင်ကားမောင်း၍ ကလေး
ဆီသို့...ဆက်ရန်.................................
Thanks for reading ❤
Please vote and cmt 💙
စိတ်ကြိုက်ဝေဖန်လို့ရပါတယ်နော် 💛