မေလင်းခတ်စစ် တစ်ယောက် မုသားဖြူ ကို
နားမလည် စွာကြည့်ရင်း အိမ် နံရံ ဘက်သို့
မုသားဖြု ကိုယ်လေးကို ဆွဲကာ ကပ်လိုက်သည်" မ..ဘာဖြစ်လို့ ရုတ်တရက် ဒီလိုဆက်ဆံနေရတာ
လဲ"မုသားဖြူ ရဲ့ ပုခုံးကိုတင်းကြပ်စွာကိုင်ရင်းမေးလိုက်
တော့ မုသားဖြူ က မေလင်းခတ်စစ် ရဲ့ တခြားကို
မျက်နာလွဲလိုက်ကာ.."တို့..မင်းကို မကြိုက်တော့လို့.."
"ဘာ..ဘာရယ်.."
မေလင်းခတ်စစ် သူမ ပုခုံးကိုကိုင်ထားသောလက်တို့
အားလျော့စွာ..."ဟုတ်တယ်..တို့ မင်းလို ခလေး တွေ နဲ့ မကစား
ချင်ဘူး.."ဟု မုသားဖြူ သူမ မျက်နာကို မကြည့် ဘဲ လက်ကို ပုတ် ထုတ်လိုက်ကာ အထဲ ဝင်မည် အလုပ်..
နောက်ကနေပြေးဖက်ခြင်းကိုခံလိုက်ရသည်.."ကျေး..ကျေးဇူး ပြု ပြီး မ ရယ်..စစ်ကိုလေ..
အဲ့လို မလုပ်ပါနဲ့..""မေလင်းခတ်စစ် အခုကစပြီ မင်းပြောနေကျအတိုင်း
လင်း လို့ သုံး လို့ရပြီ တို့ ခေါ်တဲ့ စစ် ဆိုတဲ့ နာမည်
ကို မင်းသုံးစရာ မလိုတော့ဘူး"ဟုဆိုကာ သူမကလေး လက်တွေကို ဖြုတ်ချပြီး
မေလင်းခတ်စစ် ဘက်သို့လှည့်လိုက်တော့ သူမရင်ထဲစို့သွား..မေလင်းခတ်စစ် မျက်ဝန်း ထဲမှ မျက်ရည်
များ စီးကျနေသည်...."ဟုတ်ပါပြီ စစ် ဆိုတဲ့ နာမည်ကို မသုံးတော့ပါဘူး
ဒါပေမဲ့ လင်းကို ဘဲ ဆက်ကစားပေးလို့မရဘူး
လား မချစ်..မချစ်ရင်တောင်..ဟင့်..လိမ်ပေးလို့
မရဘူးလား..."ကျွန်မလေ ကလေး ရဲ့ မျက်ရည်တွေကို သုတ်ပေး
ချင်တယ် သူ့ကိုထွေးပွေ့ပလိုက်ချင်တယ်..ဒါပေမဲ့
မေမေက ညီအမ လို့ပြောသွားတယ်လေ ကျွန်မ
တို့ကညီအမ တွေ ညီအမ ဟု မုသားဖြူ စိတ်ထဲက
နေကိုယ့်ကို သတိပေးရင်းလင်း ရဲ့ မျက်ရည်တွေကို
ပစ် ပယ် လိုက်ကာ.."တို့ နဲ့ မပက်သပ်ပါနဲ့...တို့က မချစ်ချင်ဘူး
ချစ်ရတာ ဝါသနာ လည်း မပါဘူး."ဟုပြောလိုက်တော့ မေလင်းခတ်စစ် ကမျက်ရည်တွေကို ခပ်ကြမ်းကြမ်း ဆွဲသုတ်လိုက်ရင်း...