ဝေယံလည်းဖိုင်တွဲကိုဖွင့်လိုက်တော့ ဓာတ်ပုံရယ်
DNAရယ်ကြောင့်အလွန်အမင်းအံ့သြ သွားမိထို
ပုံမှာ ပါသောကောင်မလေးက.."ဒါ..ဒါက..မေ..မေလင်းခတ်စစ် "
ဝေယံအဒေါ်လည်း ဓာတ်ပုံကိုကြည့်ကာ..
"ဒါက ဟိုမှာ ဖြူ နဲ့ ဖက် ငိုနေတဲ့ ကောင်မလေး မဟုတ် လား သား..တွေ့ချင်တော့လည်း ဆိုက် ဆိုက်
မြိုက် မြိုက်ပါဘဲကွယ်.."ဝေယံလည်း အံ့သြမှုနှင့်ဝမ်းနည်းမှုပေါင်းစုံကာ..
လင်း ရဲ့ရှေ့သို့သွားလိုက်သည်။ လင်း ကတော့ သူ့
အား နီရဲသောမျက်ဝန်းတို့နှင့်တုန့်ပြန်၏ သို့ပေမဲ့
ရုတ်တရက် ဝေယံ အပြု အမူ ကြောင့် လင်း အံ့သြ
ရပြန်သည်။"ရှင်ဒါဘာလုပ်နေတာလဲ.."
သူမထိုင်နေသောခုံရှေ့ ဒူးထောက်လိုက်ကာမျက်နာ
အောက်ချထားသော ဝေယံ ကြောင့် လင်း အံ့သြ
ကာမေးလိုက်သည်။သူမနှင့်အတူ မုသားဖြူ လည်း
ထို့နည်းတူ အံ့သြနေမိသည်။ထို့နောက်ဝေယံက"အကို..တောင်းပန်ပါတယ်..ညီမလေးမှန်းမသိခဲ့
တဲ့ အတွက်..""ရှင်ဘာတွေပြောနေတာလဲ "
သူမနားမလည်စွာဝေယံကိုမေးလိုက်တော့ ဝေယံ
ကဒူးထောက်ရင်းနဲ့ဘဲ...မျက်ရည်တွေကျနေတဲ့
သူ့ရဲ့အဒေါ်ကိုလက်ညိုးထိုးပြရင်း..."ဒီ..ဒီအန်တီက မင်းရဲ့ အမေပါ..ကို့ အဒေါ်ပေါ့
မင်းက ကို့ညီမလေးပါ..""ရှင်..ရှင်ဘာတွေထပ်ပြီးလိမ်နေပြန်တာလဲ.."
"တကယ်ပြောတာပါ..မယုံရင်မင်း DNA စစ်ကြည့်
နိုင်ပါတယ်.."လင်း လည်း မျက်ရည်တွေကျနေတဲ့ သူမအမေ
ဆိုသောထိုအမျိုးသမီးကိုလှမ်းကြည့်ကာ မတ်တပ်ရပ်
လိုက်တော့ထိုအမျိူးသမီးသူမ ဆီ လာကာ ပွေ့ဖက်
လိုက်သည်။"သမီးရယ်...သမီးပျောက်သွားတဲ့နေ့ကထဲက မေမေ့
မှာရှာလိုက်ရတာကွယ်..သမီးရယ်..ချောနေလှနေ
လိုက်တာကွယ်..ကောင်းကောင်းမွန်မွန် ကြီးပြင်း
လာပေးလို့ကျေးဇူးတင်လိုက်တာကွယ်.."သူမကိုဖက်ကာငိုရင်းပြောနေသောထိုအမျိုးသမီးကို
သူမ ပြန်ဖက်ပေးလိုက်သည်။ မုသားဖြူ လည်းသူမ
တို့ကိုကြည့်ရင်း သူမ ကလေး မိဘအရင်းနဲ့ပြန်တွေ့
သည်မို့ ဝမ်းသာမိသည်။ ထိုစဉ် ရဲတချို့ ဆေးရုံထဲသို့
ရောက်လာကာသူမတို့ရှိရာလျောက်လာသည်။