မနက်ခင်းနေလင်းရောင်မျက်လုံးတည့်တည့်လာစူး
နေလည်းသူမအကြည့်မလွဲမိ ညက တညလုံးဟို
တွေးဒီတွေးနဲ့မို့လို့တညလုံးမအိပ်ဘဲ ငိုနေမိ..မို့အစ်
နေသောမျက်ဝန်းတို့ရဲတတ်နေကာ ကုတင်ဘေး
တွင် ကျုံ ့ကျုံ ့လေးထိုင်ရင်းပြတင်းပေါက်ကနေ
ကောင်းကင်ကြီးကိုသူမတွေတွေလေးငေးကြည့်နေ
လေရဲ့ ထိုသူက မုသားဖြူ ဖြစ်သည်။ သူမ နေရာမှ
ထကာရေချိုးခန်းထဲဝင်ကာ မျက်နာသစ်ရေချိုးလိုက်
သည်။ အဝတ်အစားလဲပြီး ကွန်ပြူတာရှေ့တွင်ထိုင်
ကာငိုင်နေမိထိုစဉ်.."ဒေါက်ဒေါက် " သူမအခန်းတံခါးကိုလူတယောက်
လာခေါက်သည်။"ဖြူ ညီမလေး မနက်စာစားလို့ရပြီနော်.."
သူမရဲ့မန်နေဂျာ ကျော့ကျော့ဖြစ်သည်။
"မစားတော့ဘူး အမ "
"ဘာလို့လဲ ညီမရယ်..တံခါးဖွင့်ပါဦး ပြီးရင် ရိုက်ကွင်း
လဲသွားရ..""ဖျက်လိုက်.."
"ဟမ်!"
"ဒီနေ့ ဘယ်ရိုက်ကွင်းမှ မသွားဘူးဖျက်လိုက်.."
"နေမကောင်းဘူးလား..ညီမလေး.."
"ကျေးဇူး ပြု ပြီးညီမတယောက်ထဲထားပေးပါ.."
ထိုအခါမှ သူမ မန်နေဂျာ လည်း သက်ပြင်းချကာ
သူမအခန်းရှေ့ကထွက်သွားတော့သည်။ဖြူ လဲ
သူမ fb offical accထဲဝင်ကာ postတင်ဖို့ ရေး
လိုက်ဖျက်လိုက် စဉ်းစားရကြပ်နေမိသည်။ တစ်နာရီ
လောက်သူမ စဉ်းစား ပြီး အသက်ကိုဝဝရှူ သွင်းကာ
သက်ပြင်းချလိုက်ရင်း ဆုံးဖြတ်ချက်ချလိုက်တော့
သည်။ သူမ တင် လိုက်သော post ကတော့..."ကျွန်မက LGBT တယောက်ပါ fanတွေကို
စိတ်ဆင်းရဲအောင်လုပ်မိရင် တောင်းပန်ပါတယ်
ကျွန်မမှာ မိန်းခလေးချစ်သူရှိပါတယ်...ဖြူ ့ကို
ချစ်ပေးတဲ့ fanတွေအားလုံးကိုကျေးဇူးတင်ပါတယ်"သူမ postတင် ပြီး ၅မိနစ်တောင်မကြာ တတ်လာ
သော cmtများ..တချို့ကတော့ထောက်ခံသည်။
တချို့ကအားပေးသည်။တချို့ကျတော့လည်းဝမ်းနည်း
ကြသည်။ တချို့ကျတော့လည်းလက်မခံချင်ကြပေ။
ခနအကြာတော့သူမဆီဝေယံ ph လာတော့သည်။
သူမလည်းphကိုင်လိုက်တော့..