At uni..............
လင်းတစ်ယောက် uni ဝန်းထဲတွင် တစ်ယောက်ထဲ ဘေးလွယ်အိတ်နဲ့ ပွစိပွစိရေရွတ်နေသည်..
"အဲ့ စင်ယော်က ဘာမှန်းမသိဘူး..ညကဘယ်ချိန်မှအိပ်လို့ uniတောင်မသွားနိုင်ရတဲ့အထိအိပ်နေရတာလည်းအခုတော့ငါတစ်ယောက်ထဲလာရပြီသူမရှိရင်ပျင်းပါတယ်ဆိုနေမှ.."
ထိုစဉ်နောက်မှသူမအကြားချင်ဆုံးအသံလေးကိုကြားလိုက်ရသည်...
" ဟိတ် စစ် မင်း တစ်ယောက်ထဲလား "
အသံလာရာနောက်ကိုလင်းလှည့်ကြည့်လိုက်တော့..သူ့ရဲ့ မ လှရက်လိုက်တာ..ဘာလို့ဒီလောက်လှနေရတာလည်း မ ရယ်..
" ဟို..ဟုတ် လင်း...တစ်ယောက်ထဲပါ "
"လင်းလို့မပြောနဲ့လေ တို့ ကမင်းကို စစ်လို့ခေါ်တာလေ ကိုယ့်ကိုကိုယ် စစ်လို့ ပြောရမယ် ပြောကြည့် "
" မပြော စေချင်ရင်ပြောမှာပေါ့...ဒါနဲ့ မ က မနက်ပိုင်းအချိန် ရှိလို့လား? "
"မရှိပါဘူး တို့ က ဒီလိုဘဲ အိမ်မှာ တစ်ယောက်ထဲနေတော့ပျင်းတယ်လေ.."
"ဒါဆို မ လင်း နဲ့ အယ်..စစ် နဲ့ တူတူ မုန့်လိုက်စားပါလားဟင်"
"ကောင်းပြီလေ..သွားတာပေါ့ "
ဆိုင်သို့ရောက်သောအခါ နှစ်ယောက်သားအအေးသောက်ရင်း လင်း က....
" ဒါနဲ့ စိတ်တော့မရှိ နဲ့ နော် မနေ့က မ နဲ့ တွဲက နေတဲ့ တစ်ယောက် က မ ရဲ့ ချစ်သူ လား.."
မုသားဖြူ က ပြုံးတယ် ဆိုရုံလေး ပြုံးပြီး...
" မဟုတ်ပါဘူး "
ထိုသို့ကြားလိုက်တော့ လင်း မှာ ပျော်မလို့ ရှိသေး နောက်စကားကြောင့် လင်း ရင်ထဲ အောင့်သက်သက်ဖြစ်သွား...
" ဒါပေမဲ့ တို့ ရဲ့ ရည်းစား " တဲ့လေ..ဘာသဘောလဲ မ ကို လင်း နားမလည် သလို ကြည့်တော့ မ က
" ဒီ အရွယ်က အချစ်ကို ကစားလို့ကောင်းတဲ့အရွယ်လေ..စစ် ရဲ့..တို့ က မချစ် ချင်ဘူး တို့ က ကစားချင်တာ..ထားခဲ့မယ် ဆိုရင် တောင် ထားခဲ့မဲ့ လူက တို့ ဘဲ ဖြစ်ချင်တာ..တို့ ပြောတာ သိလား "