မနက်ခင်းနေရောင်ခြည်မျက်နာပြင်ထပ်ထိတွေ့လာသည်နှင့်မေစင်ယော်တစ်ယောက်နိုးထလာသည် အကြောဆန့်လိုက်ရင်သူမ ပထမဆုံး သတိရသည်က... "ငါ လင်း ကို နိုးရဦးမယ် ရေချိုး မနက်စာစားပြီး မြန်မြန်ဟိုဘက်ခြံသွားမှ.."
သို့ပေမဲ့သူမထင်ထားခဲ့သလိုမဟုတ် လင်း အိမ်ခန်း တံခါးကို ဆွဲ ဖွင့်လိုက်တော့ သူမက နိုးလို့ အဝတ်အစားတောင်ပြင်ဆင်ပြီးနေသည်...မေစင်ယော် အံ့သြလျှက်...
"လင်း..နင်ဒီနေ့စောစောနိုးနေပါလား.."
"အေး ဘယ်လိုလဲငါ ကြည့်ကောင်းရဲ့လား "
လင်းကသူမ ကိုယ်ကို တစ်ပတ်လှည့်ကာပြသည်
ဒီကောင်မလေးဒီနေ့မှ ပျော်မြူးလို့ဘယ်လိုဖြစ်နေ
တာလဲ.."နင်က နေ့တိုင်းကြည့်ကောင်းပြီးသားဘဲဟာ
ဘာလို့မေးနေတာလဲ လင်း.."ထိုအခါလင်းကတစ်ခုခုကိုပြောမလိုနဲ့ပြုံးစိစိနှင့်..
"ဒီလိုပါဘဲ uni တစ်ခုလုံးမှာ ငါအချောဆုံးဖြစ်ချင်လို့လေ.."
ဟုဆိုကာ..စပ်ဖြဲဖြဲ နှင့်ပြောလိုက်သည်တကယ်တော့ လင်းက မ နဲ့ တွဲနေပြီဆိုတဲ့ကိစ္စကိုပြောချင်တာ..ဒါပေမဲ့ မ က မနေ့ညက ဒီကိစ္စဘယ်သူ့ကိုမှ
မပြောဖို့ မှာထားတာမဟုတ်လား..အိမ်မှာမေမေ့စကားတောင်နားမထောင်တဲ့ လင်း က မ စကားဆို အမိန့်လိုဘဲ မလွန်ဆန်နိုင်ဘူး...မ ကလေ.. လင်း ကို သိပ်ပြုစားနိုင်တာဘဲ
လင်း မနက်စာစားပြီး စင်ယော်နဲ့ အတူ uni လာခဲ့သည်
Uniဝန်းထဲရောက်သည်နှင့် ဂနာမငြိမ်တော့..." လင်း..."
"……"
"မေလင်းခတ်စစ် "
"လန့်လိုက်တာ စင်ယော်မ ရာ.."
"ငါခေါ်တယ်လေ နင်မှမကြားဘဲ နင်ဘာရှာနေတာလဲ လင်း.."
"ဟို..ငါ.."
ထိုစဉ်သူမရှာနေသော သူမ ရဲ့ မမ မုသားဖြူ ရောက်လာသည်..
"ကလေး..အတန်းထဲမဝင်ဘူးလား.."
ကလေးတဲ့လားသူကဘာလို့ လင်း ကို ကလေး လို့ခေါ်တာလည်း ငါမလာတဲ့တရက်လေးမှာသူတို့ဒီလောက်ရင်းနီးသွားရလား..မေစင်ယော်စိတ်ထဲကတွေးလိုက်သည်..