တီ..တီ..တီ..( နာရီ alarm မြည်သံ)
´ဝုန်း'
မေလင်းခတ်စစ်တစ်ယောက်ကုတင်ဘေးမှနာရီကိုလွင့်ပစ်လိုက်သည်..
´နားညီးလိုက်တာကွာမနက်စောစောစီးစီးမထချင်ပါဘူးဆ်ိုနေ..ဘယ်သူကနာရီကို Alarm ပေးသွားလဲမသ်ိဘူးဆက်အိပ်ဦးမယ်'
မေလင်းခတ်စစ်သည်ဦးထွန်းကြွယ် ဒေါ်လင်းမေ တို့ရဲ့တဦးထဲသောသမီးလေးဖြစ်သည်ဦးထွန်းသည်သူ၏ချမ်းသာကြွယ်ဝမှုများနှင့်သူ့သမီးလေးအားစိတ်ချမ်းသာအောင်ထားသလို တစ်ဦးထဲသောသမီးမို့လို့အလိုလိုက်ကာအချစ်ပိုပါသည်မေလင်းခတ်စစ်ကိုရင်းနီးတဲ့လူတွေအကုန်လုံးက လင်း ဟု ခေါ်ကြသည်..လင်းမှာငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းဆိုလို့ အိမ်နီးချင်း လဲ ဖြစ်တဲ့ မေစင်ယော် တစ်ယောက်သာရှိသည် လင်းနဲ့ မေစင်ယော်တို့က uniကျောင်းသူများဖြစ်ကြသည် လင်း ရဲ့ အိပ်ပုတ်ကြီးမှုကြောင့်မနက်တိုင်း လင်း ကို မေစင်ယော်က လာလာနိုးရသည် ယခုလဲမေစင်ယော်တစ်ယောက် မနက်စာစားပြီးသည်နှင့်ခြံချင်းကပ်ရပ် လင်းတို့အိမ်ကိုလွယ်အိတ်နဲ့ပြေးကသည်..
လင်း mom' သမီးစင်ယော် တောင်လာပြီကိုး..´ဟုတ် အန်တီ လင်းရော..'
လင်း mom´ အပေါ်ထပ်မှာမနိုးသေးဘူးနဲ့တူပါတယ်ကွယ်..ထုံးစံတိုင်း သမီးဘဲနိုးလိုက်ပါဦး
´ဟုတ် အန်တီ' မေစင်ယော်လဲအန်တီကိုပြောပြီးသည်နှင့်အပေါ်ထပ်သို့ပြေးတတ်ခဲ့သည် အခန်းတံခါးက်ိုသာသာလေးဖွင့်လိုက်တော့ ဟော..ကြည့်ပါဦးအိပ်နေလိုက်တာများခလေးလေးအတိုင်းဘဲ မေစင်ယော် လဲ လင်းအနားသို့တဖြေးဖြေးသွားပြီး လင်းခြုံထားသောစောင်ကိုဆွဲလိုက်ကာ
´ဟဲ့ လင်း ထတော့ uni သွားရမယ်လေဟာ..နောက်ကျတော့မှာဘဲ..'လင်းကတော့နေ့စဉ်နိုးစက်ပြီးရင်ကြားရတတ်သောထိုအသံက်ိုကြားကာ
´ဟာကွာ..စင်ယော်ရာ..ငါ့ကိုနည်းနည်းလောက်ပေးအိပ်ပါဦးဟ '´မရဘူး အခုထ မဟုတ်ရင် ငါရေနဲ့ပတ်မှာနော် '
ထိုအခါမှလင်းက အိပ်ချင်မူးတူးနဲ့ကုတင်ပေါ်ကကုန်းကြုံးထကာ
´စင်ယော်မရာ နင်တကယ်ဘဲဟာ..သွားသွား အောက်မှာစောင့်နေ ငါရေချိုးပြီးဆင်းခဲ့မယ် '´အေး..ပြီးယောမြန်မြန်လုပ်နော်..uniစတတ်တဲ့နေ့မှာနောက်မကျချင်ဘူး'
´နားကိုညီးတယ်..'ဟုဆိုကာလင်းရေချိုးခန်းထဲဝင်သွားသည်..
စင်ယော်ကတော့လင်းရေချိုးခန်းထဲခြေဆောင့်ဝင်သွားတာက်ိုကြည့်ပြီးရီနေသည်.စင်ယော်တိုးတိုးလေးပြောလ်ိုက်တာကိုတော့လင်းမကြားလိုက်
´ချစ်ဖ််ို့ကောင်းလိုက်တာလင်းရယ်'
To be continue...