"ခွမ်း!"
"အဲ့ဒါအဲ့မိန်းမကြောင့် အဲ့ မုသားဖြူ ဆိုတဲ့ မိန်းမ
ကြောင့်ဖြစ်ရတာ သူ့ကြောင့် သူ ငါနဲ့ လင်းကြား
ရောက်လာကထဲက လင်း ကငါ့အပေါ်ဆို အေး
စက်နေရတာ အဲ့မိန်းမ ကြောင့်! "TV တွင်ပေါ်လာသောမုသားဖြူ ရဲ့ ပုံရိပ်ကို မေစင်ယော် ဖန်ခွက်နဲ့ လှမ်းပေါက်ရင်း စိတ်ဆိုး မျက်ရည်ကျ
စွာပြောနေသည်။"အဲ့မိန်းမကြောင့်လင်းငါ့ကိုမချစ်နိုင်တာအဲ့မိန်းမ.."
"ဒေါက်..ဒေါက်.."
ထိုစဉ်တံခါးခေါက်သံကြားလိုက်ရသည်။သူမအိမ်က
လူထင်၍.."ဘာလဲထမင်းစားဖို့လား မစားချင်ဘူးလို့ပြောလ်ိုက်"
"ငါပါ..လင်းပါ.."
လင်း ဆိုတဲ့အသံကြားတာနဲ့သူမတံခါးကိုပြေးဖွင့်လိုက်တော့ သူမကြိုက်သောမုန့်များလက်ထဲတွင်အပြ
ည့်ကိုင်ကာသူမကို မုန့်အိတ်အားမြှောက်ပြနေသည်။
သူမလည်း မုန့်ထုတ်အားစိတ်မဝင်စားဘဲလင်းအား
ဖက်လိုက်သည်။မေစင်ယော်က လင်းကိုရုတ်တရက်ဖက်လိုက်ရင်း
ရင်ခွင်ထဲမှာသူမကိုယ်လေးတသိမ့်သိမ့်တုန်နေ
သောကြောင့်သူမငိုနေမှန်းလင်းသဘောပေါက်
လိုက်ကာ မုန့်ထုတ်ကိုဘေးချ၍သူမကျောပြင်ကိုပွတ်
သပ်ပေးကာနှစ်သိမ့်ပေးမိသည်။"ငါတောင်းပန်ပါတယ်...စင်ယော်..ငါအော်မိသွား
ပါတယ်..မငိုတော့နဲ့နော်..""ဟင့်..လင်း..နင်..နင်ကလူဆိုးမ..ဟင့်.."
သူမကမငိုနဲ့ပြောကာချော့မှစင်ယော်ကပိုငိုလာ
တော့သည်။လင်းလည်းဘာလုပ်လို့ဘာကိုင်ရမှန်း
မသိစွာ.."ငါတကယ်မရည်ရွယ်ပါဘူး..ငါမှားပါတယ်..နော်..
မငိုနဲ့နော်..."ဟုဆိုကာသူမရင်ခွင်ထဲမှာငိုနေသော စင်ယော်ကို
သူမ နဲ့မျက်နာချင်းဆိုင်စေကာမျက်ရည်တွေကိုသုတ်
ရင်းချော့ပြောလိုက်တော့ စင်ယော်က ပြုံးလာကာ.."ဒါမှ လင်း..လင်းကငါ့ကိုဂရုစိုက်တယ်.."
"ဟုတ်ပါပြီ..လာပါ အောက်ထပ်မှာရုပ်ရှင်ကြည့်ရင်း
မုန့်စားမယ်..ငါဒီမှာနင်ကြိုက်တဲ့မုန့်တွေအများကြီး
ဝယ်လာရတာ လာ.."