ဒီနေ့ ရိုက်ကွင်းများ ကြော်ငြာများ အားလုံးရိုက်ပြီး
သည်နှင့် ph တန်းကိုင်သော မုသားဖြု ကြောင့် သူမ
မန်နေဂျာတောင် သံသယ ဝင်နေသည်။ အရင်ကဆို
ရိုက်ကွင်းပြီးတာနဲ့ ပင်ပန်းလို့ အိပ်တာဖြစ်ဖြစ် သီချင်း
နားထောင်တာဖြစ်ဖြစ် မုန့်စားတာဖြစ်ဖြစ်လုပ်တတ်
သော မုသားဖြု ဖြစ်သည်။ ထို့ကြောင့်သူမ မန်နေဂျာ
ကျော့ကျော့ က သူမ အားမေးတော့သည်။"ဖြူ ...."
"ဟုတ် မ"
မုသားဖြု ph နဲ့ မျက်နာမခွာ စာရိုက်ရင်း ပြန်ထူး
လိုက်သည်။"ဒီနေ့ မုန့်တွေဘာတွေမစားတော့ဘူး လား.."
"ဟင့်အင်း မ.."
"ဘယ်သူ မို့လို့ အဲ့လောက်စာ အသဲအသန်ရိုက်
နေရတာလဲ ဖြူ ရဲ့.."ထိုအခါ မုသားဖြု က ph မှ မျက်လုံးခွာကာ သူမ
မန်နေဂျာ ကို ကြည့်ရင်း.."ကျောင်း တုံးက သူငယ်ချင်းနဲ့ ပြန်တွေ့လို့ပါ မမ ရဲ့ "
တကယ်တော့ သူမ စာ ပို့နေသည် မှာ လင်း နဲ့ ဖြစ်
သည်။ သူမ မန်နေဂျာ အားလိမ် လိုက်ခြင်းသာ သူမ
အမှန်တိုင်းပြောလိုက်ရင် ဝေယံဆီ တိုက်ရိုက်
သတင်း ရောက်သွားမည်ဖြစ်သည်။"အေးပါ.. အခု ဘယ်လိုက်ပို့ရမလဲ ဈေးဝယ်ထွက်
မှာလား အိမ်လား.."မုသားဖြု မန်နေဂျာ ကသူမ အားမေးလိုက်သည်။
"အင်း..အိမ်ဘဲပေါ့.."
ဟုဆိုကာသူမ တို့ ကားလေး အိမ်သို့မောင်းထွက်
ခဲ့ကြသည်။ မုသားဖြု အိမ်တို့ ရောက်ချိန်က ညနေ ၅
နာရီ...."ပင်ပန်းနေပြီလား..ဖြူ "
ဝေယံက သူမ ကို ဧည့်ခန်းထဲက လှမ်း နှုတ်ဆက်
လိုက်သည်။"အင်း..အိမ်ကိုရောက်နေတာလားကြာပြီလား.."
"သိပ်မကြာသေးပါဘူး..ညစာ လိုက်ကျွေးချင်လို့"
"ညစာ.."
မုသားဖြု တွေးရင်းသူမ လင်း နဲ့ ချိန်းထားသည်ကို
သတိရပေမဲ့ ဝေယံကို ငြင်းလို့ကလည်း မရ.."အင်း တူတူ အပြင်မှာ ထွက်စားမယ်လေ ဘာလဲ
မစားချင်ဘူးလား.."