ခြံကျယ်ကြီးထဲတွင် နန်းတော်ကြီး သမျှကြီးမားသောအိမ်ကြီးနှင့်အတူ ရေကန်ကျယ်ဘေးတွင် အပန်းဖြေနေသောယောက်ျားတစ်ယောက်..ထိုယောက်ျားပုံစံအားပြောရရင် အရပ်မြင့်မြင့်အသားဖြူဖြူနှင့် မိန်းခလေးအများကြွေချင်စရာဗလတောင့်တောင့်ကိုလည်းပိုင်ဆိုင်ထားပြန်သည် ထိုလူက ရေကန်ဘေးက ဆိုဖာပေါ်တွင်အခန့်သားထိုင်၍ အရက်ခွက်ကိုလည်း လက်တစ်ဖက်က ကိုင်ထားသေးသည်..နောက်တွင်တပည့်ငါးယောက်မတ်တပ်ရပ်နေပြီး..ထိုများထဲမှတစ်ယောက်က "ဆရာ..ဆရာခိုင်းထားတာပြီးပါပြီ"
"အေး အဲ့ကောင်မကိုသေချာဆုံးမခဲ့လား "
"ဟုတ်ကဲ့ဆရာ မှတ်လောက်သားလောက်အောင်သေချာဆုံးမခဲ့ပါတယ်ဆရာ.."
"ကောင်းတယ်..ဒီလိုတတ်သစ်စမော်ဒယ် မ ကများ ငါ့လို ထုတ်လုပ်ရေး ပိုင်ရှင်တစ်ယောက်ကို ကန်လွှတ်ရဲတယ် ဒီကောင်မ ကအောင်မြင်လာတော့ငါ့ကိုခွာချင်းတူလို့ခြေရာတိုင်းချင်တယ်ပေါ့လေ..ဟားဟား ငါဆိုတဲ့ ဝေယံထက်မြတ် ဆိုတဲ့ကောင်က ကျားကွသူကကျားကိုလာကစားရင်စားခံရမယ်..ငါကိုယ်တိုင်သူ့ကိုအမြင့်ရောက်အောင်လုပ်ပေးနိုင်တယ်အေးငါကိုယ်တိုင်အမြင့်ရောက်နေတဲ့သူ့ကိုငါ့လက်နဲ့ပြန်ဆွဲချနိုင်တယ်ဆိုတာ ဒီကောင်မ မှတ်သွားရင် ရပြီ "
"ဟုတ်ကဲ့ဆရာ..ဒါနဲ့ ပစ္စည်းသစ်တွေကြော်ညာဖို့အတွက် သင့်တော်မယ့် လူရှာတွေ့ထားပါတယ်ဆရာ..အဲ့ဒိမိန်းခလေးကတော်တော်လှတယ် ဆရာ မော်ဒယ်ရှုံးလောက်တယ်.."
"အဟင်း..မင်းဒီလောက်ပြောနေတော့ငါတောင်စိတ်ဝင်စားလာပြီ ငါ့ကိုသူ့အကြောင်းပြောပါဦး"
"သူက Che ဒုတိယ နှစ်ပါဆရာ အချေမင်းသမီးလို့ uniမှာတော်တော်နာမည်ကြီးပါတယ်..."
" ငါ့ကိုသူ့ပုံပြစမ်း.." ဝေယံသူ့တပည့်ပြသောဓာတ်ပုံကိုကြည့်ပြီးသောအခါ..ဓာတ်ပုံကိုကြည့်၍
"မင်းလေးက မာန ခဲလေးပေါ့..မင်းပုံစံလေးနဲ့ချေတာကိုကိုယ်အပြစ်မဆိုရက်ပါဘူး...မင်းကတော့ပုံလေးနဲ့ကိုယ့်ကို ရင်ခုန်အောင်လုပ်သွားတာဘဲ..."
"ဘယ်လိုသဘောရလဲဆရာ..ကျွန်တော်တို့ မော်ဒယ်အဖြစ်ကမ်းလှမ်းလိုက်ရတော့မလား?"
" အေး..ငါကိုယ်တိုင်သူနဲ့တွေ့ပြီးစကားပြောမယ်..ဒီကောင်မလေးကို ငါ့အပိုင်ဖြစ်အောင်တဖြေးဖြေးယူရမယ်...လှရက်လိုက်တာကွာ..ဟားဟား...လှတာမင်းအပြစ်မဟုတ်ပါဘူး..ဒါပေမဲ့ ကိုယ်က လှတာလေးတွေကို သိပ်သိမ်းထားချင်တာ အပိုင်ပေါ့ကွာ...ဟားဟား..."
At uni..........
T b c.......