မိမိကိုယ်ပေါ်မှာလေးလံနေသောခံစားချက်ခံစားရ၍
လင်း တစ်ယောက်နိုးလာသည်။ကြည့်လိုက်တော့
မုသားဖြူ သူမ ရင်ဘတ်ပေါ်မှာအိပ်နေသည်။ခန
အကြာတော့သူမ ရင်ဘတ်ပေါ်မှာအိပ်နေသော
မုသားဖြူ နိုးလာသည်။ နံရံကနာရီ ကို ကြည့်လိုက်
တော့ ည ၁၁နာရီခွဲ.."Aw..မိုးမလင်းသေးဘူးဘဲ.."
လင်း ပြောပြီး မုသားဖြူ ကို ကြည့်လိုက်တော့သူမ
ကိုကြင်နာသောမျက်ဝန်းများဖြင့်ကြည့်နေသည်။
ထို့နောက်သူမနဖူးနဲ့လင်းရဲ့နဖူးကိုခနမျှထိကပ်
ကာ.."တို့ အတွက် အဲ့လောက်ထိ ပေးဆပ်ရဲတာလား.."
လင်း လည်း သူမ ရဲ့ မမ ကို ပြုံး ပြကာ..
"ဒီချိန်မှတော့ မ အိမ်မပြန်နဲ့တော့ ဒီည တော့ လင်း
အိမ်မှာ အိပ်လိုက်လေ..အဝတ်တွေဝတ်တော့
သွားမယ်.."သူမတို့ နှစ်ဦးလည်းထကာ အဝတ်တွေပြန်ဝတ်ရင်း
မုသားဖြူ က.."ဖြစ်ပါ့မလား ကလေး အိမ်မှာ မိဘတွေရော.."
"အမေတို့နဲ့အိမ်ခွဲနေတာ တစ်နှစ်လောက်ရှိပြီ မ ရဲ့
ကို့ ဘာသာ တိုက်ခန်းဝယ်နေတယ်.."ထိုအခါမုသားဖြူ ကပြုံးကာ...
"ကလေးက ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်
နိုင်တာဘဲ တော်လိုက်တာ.."ထို့နောက်သူမတို့နှစ်ယောက်လည်းအဝတ်တွေ
ဝတ်ပြီးနှစ်ယောက်တွဲကာရုံးထဲကထွက်ခဲ့တော့
သည်။သူမတို့နှစ်ယောက်ကိုုစောင့်ကြည့်နေတဲ့လူ
ရှိနေသည်ကိုတော့ နှစ်ယောက်လုံးမမြင်မိတစ်ဖက်
ကားထဲတွင်သူမတို့နှစ်ယောက်ပျော်ရွှင်စွာလက်တွဲ
၍ ကားစီးသွားသည်ကိုဆေးလိပ်ဖွာကာကြည့်နေသူ
ကတော့ဝေယံ....."ကျစ်!ကွာ...ဟိုသောက် စားပွဲထိုးသာမလာရင်
အကုန်အဆင်ပြေနေပြီကို ခုတော့ကွာ..ငါကိုယ်
တိုင် အမြင့်တင်ပေးထားတဲ့ ကြယ်တစ်ပွင့်ကို
တောက်! "ဝေယံ တယောက် ဒေါသထွက်စွာတစ်ယောက်ထဲ
ရေရွတ်ရင်းမိမိ အိမ်သို့ပြန်လှည့်ကာ ကားမောင်း
ထွက်ခဲ့တော့သည်။လင်း လည်း သူမတိုက်ခန်းသို့ ရောက်သော အခါ..
"မ ရေချိုး ဦးမလား.."