မုသားဖြူ တစ်ယောက်uniပိတ်ရက်ဆိုတော့ နေ့လည်ခင်းမှထကာ မနက်စာနှင့်နေ့လည်စာပေါင်းစားသည် (ငါ့လိုဘဲ😂) မုန့်စားနေရင် TV ကိုဖွင့်လိုက်တော့သတင်းလာနေသည်ထိုသတင်းမှာ...
"မော်ဒယ် သရုပ်ဆောင် လရိပ် တိုက်ပေါ်မှ ခုန်ချကာ
မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား.."ထိုသတင်းကိုကြည့်ပြီး မုသားဖြူ မုန့်တောင်နင်သွားသည်..
"ဟင်..ဘယ်လိုဖြစ်တာလဲဟ ဒါ ငါ့ကိုလာကမ်းလှမ်း
တဲ့ ဝေယံထက်မြတ် ဆိုတဲ့ တစ်ယောက်ရဲ့ company က မော်ဒယ်ဘဲ..အင်းလေ..သူလဲအလုပ်ပင်ပန်းလို့ကိုယ့်ကိုကိုယ် သတ်သေတာနေမှာပေါ့"မုသားဖြူ ဒီတိုင်းလေးဘဲတွေးလိုက်သည်တကယ်
တော့ဝေယံတို့ သတ်သည် ဆိုတာကိုတော့မသိ
မုသားဖြူ မေလင်းခက်စစ် ဆီphလှမ်းဆက်လိုက်
သည်..."Hello sitt.."
"ဟုတ် မ.."
"တို့တွေဒီညတွေ့ကြမလား"
"တကယ်လား..ပျော်လိုက်တာ.."
"အင်း ည ၈နာရီ အိမ်လာခဲ့.."
"ဟုတ် ဟုတ် "
မုသားဖြူလည်း အိမ်အတွက်ဝယ်စရာရှိတာတွေဝယ်ဖို့အတွက်အပြင်ကိုထွက်ခဲ့သည်..ကုန်တိုက်တခုတွင် သူမ နှင့် ဝေယံ တို့ အမှတ်မထင်တွေ့ကြလေသည်..
"မုသားဖြူ ဘယ်လိုလဲ ကို စဉ်းစားခိုင်ထားတာ စဉ်းစားပြီးပြီလား..."
"ကျွန်မ ဝါသနာမပါဘူး..."
"ဟုတ်ပါပြီ ကိုယ့်ဆီမင်းကြိုက်တဲ့အချိန်ဆက်သွယ်လို့ရတယ်နော်..ကိုစောင့်နေမယ် "
"အင်း ဒါဆိုကျွန်မ ကိုခွင့်ပြုပါဦး.."
ဟုလှည့်အထွက်မုသားဖြူ သူမ ရဲ့မေမေကိုတွေ့လိုက်သည်
"မေမေ ပါလား ဘေးနားက နောက်အိမ်ထောင်နဲ့ရတဲ့သမီးထင်ပါတယ်..."
သူမမေမေရဲ့ဘေးမှ ကောင်မလေးရဲ့မျက်နာကို
တွေ့လိုက်ရတော့ မုသားဖြူ ကျောက်ရုပ်လိုထိုနေရာ
တွင်ရပ်နေမိ.."အဲ့ အဲ့ဒါက..မေလင်းခတ်စစ် ဟုတ်တယ်..စစ် က
မေမေ့သမီးလားဒါ..ဒါဆို ငါနဲ့....ဟာ မဖြစ်ဘူး..."