EP10 Uni

3.6K 249 0
                                    

ယနေ့သည် uni ပိတ်ရက်ဖြစ်သောကြောင့် မေလင်းခတ်စစ် တစ်ယောက် အိပ်ယာထဲတွေတော်တော်နှင့်မထ ဇိပ်ခပ်နေ ပြီ ထိုစဉ် အောက်ထပ် မှ အသံစူးစူးနဲ့မေစင်ယော် အသံကြောင့် အိပ်မရတော့ကာ အိပ်ယာမှထခဲ့ရသည် နာရီကို ကြည့်လိုက်သောအခါမနက်၇နာရီ မျက်နာ သစ်ရေချိုးပြီး အောက်ထပ်သို့ဆင်းခဲ့သည်..

"ဟဲ့ စင်ယော်မ စောစောစီးစီ သူများအိမ်ဘာလာလုပ်တာလဲ "

"မနက်စာလာစားတာလေ "

"အော် နင့်အိမ်ကမကြွေးဘူးလား"

"အမလေးဟယ်..ကို့ သူငယ်ချင်း ကိုငြို ငြိုင်နေတာလားနင် "

"ကောင်မလေးတွေစကားမများနဲ့လာ မနက်စာစားမယ်ဒီနေ့ လူစုံတာ ဘဲ လင်း ဖေဖေ လဲ အလုပ်မသွားခင်မနက်စာတူတူစားရအောင်လာ.."

မေလင်းခတ်စစ် အမေ ကပြောလိုက်ခြင်းဖြစ်သည်
မနက်စာ စားရန် Coffee သောက်နေစဉ် ရုတ်​တရက် သူမ မုသားဖြူ ကိုအ်ိမ်ပြန်လိုက်ပို့သောနေ့တုံးကဝတ်ပေးလိုက်တော့ထပ် င်္အကျီကို မေစင်ယော်က စားပွဲပေါ်တင်လိုက်ကာ...

"ဒါက နင့်ရဲ့ င်္အကျီ မဟုတ်လား..နင့်ရဲ့မမပြန်ပေးခိုင်းတာ"

"............." ရုတ်​တရက် မေး လာတော့ လင်း ပြန်မဖြေမိ လင်း ရဲ့ မေမေ ကလဲ မိန်းခလေး ချင်းချင်း တွဲတာ မကြိုက်သည်ကို စင်ယော်သိပါလျှက် မေမေ မေးလာရင်လင်းဘယ်လိုဖြေရပါ့

"ဟုတ်တယ်မှတ်လား..ဒါနင့်ထက်င်္အကျီမှတ်လား"

ဟုဆိုကာမေမေ့ဘေးတွင်ထိုင်နေသော လင်း ကို မေမေ့ရှေ့မှာတင် ပေါ်တင် င်္အကျီကို ထိုးပေးနေသည်ထိုစဉ် မေမေ့ ရဲ့စူးစမ်းနေသောအကြည့်များ လင်း ဆီသို့ ရောက်ချ လာသည်...မေမေက Coffee တစ်ငုံသောက်လိုက်ရင်း..

"သမီး လင်း မေမေ ရှုပ်ရှုပ်ရှက်ရှက်တွေမကြားချင်ဘူးနော် "
ဟူသောတစ်ခွန်းသာပြောသည်..လင်း လဲ အင်တင်တင်နဲ့ မေစင်ယော် လက်ထဲမှ င်္အကျီကို ယူလိုက်သည် မသာမ ကတော့ ကောင်းကောင်းဆေးထိုးပြီး
အေးဆေး Coffee ကို ဇိမ်ခံသောက်နေလေရဲ့

မနက်စာစားပြီးတာနဲ့ခြံပြင်သို့ မေစင်ယော် နားရွက်ကိုဆွဲကာ ထွက်ခဲ့သည်..

သူ႔ကိုမွ..(completed)Tempat cerita menjadi hidup. Temukan sekarang