မုသားဖြူ မေလင်းခတ်စစ် ရဲ့ company ရှေ့ကား
ရပ်လိုက်သည် နှင့် ရင်ခုန်စွာ သူမ ရုံးခန်းလေးဆီသို့
သူမ တံခါးခေါက်လိုက်တော့အထဲက သူမ ရဲ့
ကလေး အသံ.."ဝင်ခဲ့ပါ "
သူမလည်း ကလေး ရဲ့ ခွင့် ပြု သံ ကြား တာနဲ့ တံခါး
ကိုဖွင့်ဝင်လိုက်တော့ ဆိုဖာ ပေါ် မှာ ခြေထောက်ချိတ်ထိုင်နေတဲ့ မေလင်းခတ်စစ် က သူမ ကို တွေ့တော့"ထိုင်ပါ အမ "
မုသားဖြူ လည်း သူမလေး ရှေ့က ခုံ မှာဝင်ထိုင်
ရင်း ခေါင်းစွပ် ကိုချွတ်လိုက်ကာမတွေ့ရတာ ကြာတဲ့
သူမ လေး မျက်နာကိုလှမ်းကြည့်တော့ မေလင်းခတ်စစ် ကသူမ အကြည့်တွေကိုရှောင်ကာ ရုံးခန်းထဲ
က အုတ်နံရံကိုငေး ကြည့်ရင်း..."လာရင်း ကိစ္စ ကိုပြောပါဦး အမ "
"တို့ ရှင်း ပြ တာ ကို လက်ခံ ဖို့မျှော်လင့်တယ်.."
"ကောင်းပြီ ကျွန်မ နားထောင် နေတယ်.."
မုသားဖြူ လည်း သက်ပြင်း ခိုးချရင်း..
"တို့ က..တို့က တကယ်တော့ မင်း မေမေရဲ့
သမီး အရင်း..."သူမ ထိုသို့်ပြောလိုက်တော့ လင်း က သူမကို အံ့သြ
သလို ကြည့်လာကာ..."ဟမ်!.."
"ဟုတ်တယ်..တို့ဖေဖေနဲ့မေမေ ကွဲသွားတော့
မေမေက နောက်အိမ်ထောင်ပြုခဲ့တယ် မေမေ
နောက်အိမ်ထောင်နဲ့ ကလေး တစ်ယောက်ရ
တယ်ဆိုတာ သိရတယ် တို့ နဲ့ဆို မအေတူ
ဖအေကွဲ ညီမ ပေါ့ တို့ သူ ဘယ်သူဘယ်ဝါ
ဆိုတာ မသိခဲ့ရဘူး..ဒါပေမဲ့ မေမေ့သမီးက
မင်း ဆိုတာ သိခဲ့ရတဲ့ အချိန်မှာ တို့ တွေ နှစ်
ယောက်က တွဲမိနေကြပြီလေ..."လင်း မုသားဖြူ ကို ဘာမှပြန်မပြောတော့ဘဲ ငြိမ်
သက်နေသည်။"တို့ ပြောတာ သဘောပေါက်ရဲ့လား..တို့မင်းကို
အကြောင်းမဲ့ သက်သက် လမ်းခွဲခဲ့တာမဟုတ်.....""ကျွန်မ က မေမေ့ သမီးအရင်းမဟုတ်ပါဘူး.."
မုသားဖြူ စကားတောင်မဆုံးသေးပြောလာသောသူမ
စကားကြောင့် အံ့သြရပြန်သည်။မုသားဖြူ သိပေမဲ့
သူမရဲ့ ကလေး စိတ်ဆင်းရဲမှာ ဆိုးလို့ မပြောဘဲ
နေမလို့ လုပ်ပေမဲ့ လင်းက သိနေခဲ့သည်တဲ့..
![](https://img.wattpad.com/cover/229112711-288-k37757.jpg)