EP 3 Uni

5.3K 349 1
                                    

"ဘာလို့လဲလင်းရယ်...ဘာလို့လဲ ငါဒီမှာရှိနေတယ်လေ...လင်းရယ်..ဘာလို့နင့်ဘေးငါ့က်ိုနင်မမြင်နိုင်ရတာလဲလင်းရယ်...ငါကရောငါကနင့်အချစ်တွေက်ိုပိုင်ဆိုင်ဖို့မထိုက်တန်ဖူးလား...ငါကရော အချစ်ခံ ဖ်ို့ မထိုက်တန်ဖူးလား..ငါငယ်ငယ် ထဲက နင့်ဘေးမှာ ရှိနေပေးလာတာ..ငါ့ချစ်ခြင်းတွေက်ိုု ဘာလို့ နင်မမြင်ရတာလည်း...ငါနင့်ဘေးမှာအမြဲရှိနေမှာပါလင်း...နင်ပြန်မချစ်ရင်လည်းငါ့နင့်အနားမှာရှိနေပါ့မယ်...အနည်းဆုံးတော့..ငါ့မှာမျော်လင့်ခွင့်တော့ရှိတယ်မဟုတ်လား လင်း..." မေစင်ယော်စိတ်ထဲကနေတွေးနေတာဘယ်လောက်ကြာသွားလဲမသိ အိမ်တောင်ရောက်နေလေပြီကားရပ်နေပြီကိုတောင်သတိမထားမိတော့..ဘေးက လင်း ပုခုံးကိုလှုပ်ကိုင်လိုက်မှ စိတ်နဲ့လူကပ်တော့သည်..

"စင်ယော်...ဟဲ့..မေစင်ယော် ငုတ်တုပ်များအိပ်ပျော်နေသလားဟယ်...ငါခေါ်နေတာကြာလှပြီ"

"အမ်..အင်းငါ အတွေးလွန်သွားလို့ပါ.."

"အိမ်ရောက်ပြီ ကား ပေါ်က ဆင်းလို့ရပြီ..နင်ကဘာတွေ တွေးနေတာလဲ..စင်ယော် "

လင်းကားတံခါးဖွင့်ကာအောက်ဆင်းရင်းမေးလိုက်သည် စင်ယော်က

"အာ..ဒီလိုပါဘဲဟ "

"မပြောချင်လဲပြီးတာပါဘဲနင်တချိန်လုံးတိတ်နေတာဘဲကားပေါ်မှာ "
ဟုဆိုကာစင်ယော်အနားကပ်လာသည်ရုတ်တရက်နဖူးပေါ်ကျရောက်လာသောလင်းရဲ့လက်

"စင်ယော်..နေမကောင်းဘူးလား.."

စင်ယော်ကစိတ်ထဲကနေ.."လင်းရယ်..နင်ကငါ့ကိုပြုစားနိုင်လွန်းတယ်ဟာ..ငါ့ကိုစိတ်ပူပေးတာတွေငါ့ကိုနင်ဂရုစ်ိုက်ပေးတာတွေနင့်အပြုအမူတွေကြောင့်ငါနင့်ဆီကရုန်းဖို့ခက်လာပြီ လင်းရယ်.."

"ငါနေကောင်းပါတယ်လင်းရယ်..နည်းနည်းစိတ်မလန်းလို့.."

"အင်းဒါဆိုအေးဆေးနားလ်ိုက်နော်ငါအ်ိမ်ထိလိုက်ပို့ရမလား"

"ရပါတယ်..ခြံချင်းကပ်ရပ်ကိုများ"

"ဒါဆိုမနက်ဖြန်တွေ့မယ်..စင်ယော်.."

"အင်း.."

စင်ယော်အိမ်ထဲရောက်တာနဲ့အပေါ်ထပ်ကမိမိအခန်းထဲဝင်ကာ မွေ့ယာပေါ်လှဲချလိုက်တော့သည်

လင်း​ရေ..နင့်ကိုချစ်ရတာငါလောင်မြိုက်လိုက်တာဟာ..ဒါကဝဋ်ကြွေးတစ်ခုဆိုရင်လေ..ငါကျေကျေနပ်နပ်ကြီး လောင်မြိုက်လိုက်မယ် လင်း..

တဖက်မှာလင်းကတော့ အိပ်ယာပေါ်ဟိုဘက်ဒီဘက်လ်ိမ့်ရင်း..uniမှာဝင်တိုက်မိခဲ့တဲ့ မိန်းခလေးအကြောင်းသာစဉ်းစားနေတော့သည်
သူ့ကြည့်ရတာငါ့ထပ်ကြီးမယ်ထင်တယ်..စကားပြောတာသူ့က်ိုသူ တို့တဲ့ ချစ်စရာလေး..ဘယ်မေဂျာကလည်းမသ်ိဘူး မနက်ဖြန် စင်ယော်နဲ့တူတူစုံစမ်းရမယ်..
သူကငါ့ထပ်အသက်ကြီးတယ်ဆိုရင်သူ့ကို မ လို့ ခေါ်ရင်ကောင်းမလား..အဟီး..ရင်ခုန်လ်ိုက်တာ...
လင်းကိုယ့်အတွေးနဲ့ကို သာ ပျော်နေတော့သည်...
     

T b c....

သူ႔ကိုမွ..(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ