EP15 Uni

3.8K 234 3
                                    

မင်းကဓားသွားထပ်ကပျားရည်ဆိုရင်ကိုယ်သွေး
အလိမ့်လိမ့်စီးကျနေပါစေမြှိန်ယှက်စွာစားသုံးနေ
ဦးမှာ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မုသားဖြူ  နဲ့ မေလင်းခတ်စစ် အနမ်းတွေတော်တော်
နှင့်မရပ်တန့်နိုင်ခဲ့ ၅နှစ်တာကာလပတ်လုံးလွမ်းခဲ့သမျှ အတိုးချ နမ်းနေမိသည်။မုသားဖြူ  ရဲ့တန်ပြန်အ
နမ်းတွေကြောင့် သူမတို့အနမ်းတွေရှည်ကြာခဲ့ကြ
သည်။အသက်ရှူကြပ်တော့မှာ နှစ်ယောက်လုံးခွာ
လိုက်ကာ..တစ်ယောက်မျက်နာတစ်ယောက်ကြည့်
ပြီး ပြုံးမိကြသည်။ထို့နောက် သူမတို့ နှစ်ဦး နဖူးချင်း
ထိကပ်ထားလိုက်သည်။ အခန်းပြင်မှ ဓာတ်ပုံခိုးရိုက်
နေသူကိုတော့ သူမ တို့နှစ်ဦးမသိလိုက်ပါ။

"တို့ ကလေး ကိုချစ်တယ်.."

"အင်း..လင်းလည်း..မ ကို အရမ်းချစ်တယ် "

ဟုဆိုကာတစ်ယောက်ကိုတယောက်ပွေ့ဖက်ထား
ကြသည်။ထို့နောက်...

" မ အိမ် ဂရုစိုက် ပြန်ဦး သတင်း​ထောက်တွေနဲ့
  တိုးဦးမယ်.."

"တို့ က အေးဆေးပါ..ကလေး သာ ဂရုစိုက်ပြန်
   အိမ်ရောက်ရင် message ပို့နော် တို့မျော်နေ
  မှာ.."

"အင်းပါ..မ လည်း ပို့ရမယ်နော်.."

သူမတို့ နှစ်ယောက် နှုတ်ဆက်ပြီး သက်ဆိုင်ရာအိမ်
သို့ပြန်ခဲ့ကြသည်။ မုသားဖြူ လည်း အိမ်ရောက်သော
အခါ ခြံထဲတွင်ဝေယံကားကိုတွေ့လိုက်ရ၍လန့်သွား
အိမ်ထဲသို့ဝင်လိုက်သောအခါ ဧည့်ခန်းမှာ မိန့်မိန့်ကြီး
Ph ကြည့်ရင်းထိုင်နေသော ဝေယံ သူမ ရောက်လာ
တာ သိတော့ လှမ်းပြုံးပြသည်။သူမလည်း ဝေယံ ဘေးကဆိုဖာတွင်ဝင်ထိုင်လိုက်တော့ဝေယံက..

"ဒီ ချိန်ကြီး  ဘယ်တွေသွားနေတာလည်း ဖြူ .."

"ဒီလိုဘဲ စိတ်ထွက်ပေါက်တနေရာရာပေါ့..ယံ"

"တကယ်လား?" ဟုဆိုကာ ဝေယံက သူမ မျက်ဝန်း
တွေကိုကြည့်ရင်းတခုခုကိုအဖြေရှာနေသလို ပြီးမှ..
သူမ အနား သို့ ကပ်လာကာ..

"ဖြူ ..ကိုကလေ မင်းက ကြောင်ကိုကျားပါလို့ပြော
  ရင်တောင် ယုံကြည်တာမို့လို့ ရပါတယ်..ကို
  မင်းကိုယုံတယ်.."

သူ႔ကိုမွ..(completed)Where stories live. Discover now