At uni.......
လင်းအိမ်ပြန်ရန်ကားတံခါးဖွင့်မည်အပြု မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်ရပ်တန့်သွား...လင်း ချစ်ရပါသော မကို ကောင်လေးတစ်ယောက်ကဘေးကနေအတင်း စကား လိုက်ပြောနေသည် မ ကို ကြည့်ရတာလည်းစိတ်ရှုပ်နေဟန်ထိုစဉ် လင်း က...
"မ"
"ဟင်..စစ်"
မ ဘေး က ကောင်လေးက မုသားဖြူ နဲ့ မေလင်းခတ်စစ် ကိုကြည့်နေသည် လင်းက
"မ သူငယ်ချင်းလား "
"မဟုတ်ဘူး" ဟု ခပ်ပြတ်ပြတ်ပြောလိုက်တော့ထိုကောင်လေးကမျက်နာညိုးသွား
"ပြန်မယ် မ ကို လာခေါ်တာ" ဟုဆိုကာ မ လက်ကို တွဲကာ ခေါ်ခဲ့တော့သည်..ကားနားရောက်မှ
" မ ကိုဘယ် လိုက်ပို့ရမလဲ"
" တို့က မင်း အဲ့ကောင်လေးလက်ကတို့ကိုကူညီချင်လို့တမင်ပြောတယ်ထင်နေတာ..တကယ်လိုက်ပို့မှာလား"
" အင်း ကားပေါ်တတ် "
ကားပေါ်ရောက်တော့..
"ကဲ..အိမ်ကိုပြော "
"ကြည့်မြင်တိုင်..ဆေးရိုးတန်းရပ်ကွပ်(…)ကိုမောင်း"
ကားပေါ်မှာ၂ယောက်လုံးတိတ်ဆိတ်နေခဲ့...လင်းက ကားမောင်းရင်း မ ကို ကြည့်လိုက်တော့ သူ့ပုံစံက ချမ်းနေသယောင် ကားကိုလမ်းဘေးခနရပ်ကာ..
" စစ် အပေါ်ထပ် င်္အကျီဝတ်ထားလိုက်ပါ..မ င်္အကျီက လက်ပြတ်ဆိုတော့ အေးမှာပေါ့ "
"ကျေးဇူး ကလေး..."
ကားကိုပြန်မောင်းကာနှစ်ယောက်ကြားတိတ်ဆိတ်သွားပြန်သည်ထိုတိတ်ဆိတ်မှုက်ိုလင်းကဘဲထိုးခွဲလိုက်သည်..
"ဘယ်အချိန်ထိလဲ.."
"ဘာကိုလဲ စစ် "
"ဘယ်ချိန်ထိယောက်ျားတွေကိုကစားနေမှာလည်းဘယ်တော့လောက်ရပ်မလဲ.."
"ကားရပ်လိုက် "
"မရပ်ဘူး.."
"တို့ မင်း ကိုပြောနေတယ် ကားရပ်လိုက် ကားရပ်ပြီးအေးဆေးစကားပြောမယ်..ရပ်လိုက်"
ထိုအခါမှလင်းကကားရပ်လိုက်သည်..
"မင်း ဘာထ ဖြစ်တာလဲ တို့ကိုယ်ရေးကိုယ်တာကမင်းနဲ့ဘာဆိုင်လို့လဲ တို့ ရပ်ချင်တဲ့အချိန်ရပ်မှာပေါ့မင်းနဲ့ဘာဆိုင်လဲ "